လူးဝစ်ဒီယက်ဇ်၊ အာနိုးလ်အပါအဝင် လီဗာပူးလ်အသင်းတွင် ဒဏ်ရာပြဿနာရှိသူ ခုနစ်ဦးအထိ ရှိနေ

လူးဝစ်ဒီယက်ဇ်၊ အာနိုးလ်အပါအဝင် လီဗာပူးလ်အသင်းတွင် ဒဏ်ရာပြဿနာရှိသူ ခုနစ်ဦးအထိ ရှိနေ
Photo: Getty Images
Photo: Getty Images
Published 12 October 2022

 

လီဗာပူးလ်အသင်းတွင် အာဆင်နယ်နှင့်ပွဲက ဒဏ်ရာရရှိခဲ့သည့် တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်နှင့် နောက်ခံလူ အာနိုးလ်အပါအဝင် ဒဏ်ရာရရှိနေသူ ခုနစ်ဦးအထိရှိကြောင်း သိရသည်။ 

လူးဝစ်ဒီယက်ဇ်၏ဒူးဒဏ်ရာမှာ ဆေးစစ်ဆေးမှုအရ ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်သော်လည်း ရက်သတ္တပတ် ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရမည် ဖြစ်၍ ကမ္ဘာ့ဖလား ပြိုင်ပွဲအလွန်မှသာ ပြန်ကစားနိုင်မည်ဖြစ်သည်။  

နောက်ခံလူ အာနိုးလ်မှာမူ ခြေချင်းဝတ် ဒဏ်ရာ ပြဿနာရှိနေပြီး လူးဝစ်ဒီယက်ဇ်ကဲ့သို့ အခြေအနေမဆိုးသော်လည်း ရက်အနည်းငယ်ကြာ အနားယူရဖွယ်ရှိကာ လာမည့် မန်စီးတီးနှင့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ အာနိုးလ်အနေဖြင့် ဒဏ်ရာကြောင့် အနားယူရမည့်ကာလကို သတင်းအတိအကျ မသိသေးသော်လည်း ယခုလကုန် အထိ အနားယူရဖွယ်ရှိသည်။ 

လီဗာပူးလ်အသင်းတွင်  ချိန်ဘာလိန် (ပေါင်)၊ ကီတာ (ပေါင်)၊ ရောဘတ်ဆန်(ဒူး)၊ ကာတစ်ဂျုံးစ် (ခြေသလုံးကြွက်သား)၊ အာသာ(ပေါင်)တို့ လည်း ဒဏ်ရာပြဿနာရှိနေပြီး ယင်းကစားသမားများအနက် ကွင်းလယ်လူ အာသာမှအပ ကျန်ကစားသမား လေးဦးမှာ ယခုလအတွင်း ပြန်ကစားနိုင်မည်ဖြစ်သည်။

Most Read

Most Recent