နှစ်နိုင်ငံ သံတမန်ရေးရာတာဝန်များ ထမ်းဆောင်ရန် ရန်ကုန်မြို့သို့ နော်ဝေးသံရုံး အကြီးအကဲအသစ် ရောက်ရှိ

နှစ်နိုင်ငံ သံတမန်ရေးရာတာဝန်များ ထမ်းဆောင်ရန် ရန်ကုန်မြို့သို့ နော်ဝေးသံရုံး အကြီးအကဲအသစ် ရောက်ရှိ
Published 11 October 2022

နှစ်နိုင်ငံ သံတမန်ရေးရာတာဝန်များထမ်းဆောင်ရန် ရန်ကုန်မြို့သို့ နော်ဝေးသံရုံးအကြီးအကဲအသစ်ဖြစ်သူ Paul Gulleik Larsen ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် နော်ဝေးသံရုံးအကြီးအကဲအသစ်ဖြစ်သူ Paul Gulleik Larsen ကို မိတ်ဆွေများအနေဖြင့် ကြိုဆိုကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

Paul Gulleik Larsen သည် နိုင်ငံတကာ‌ရေးရာတွင် နှစ် ၃၀ ကျော်အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ကြောင်း၊ Paul Gulleik Larsen သည် ယူဂိုစလားဗီးယား ပြိုကွဲသည့်ကာလတွင် ဘဲလ်ဂရိတ်မြို့၌ သံရုံးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ နယူး‌ယောက်မြို့တွင် ကောင်စစ်ဝန်အဖြစ်လည်းကောင်း၊ မော်စကိုမြို့တွင် ဒုတိယသံရုံးအကြီးအကဲအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့ကြောင်းနှင့် မကြာသေးမီကာလတွင် သြစတြေးလျ၊ နယူးဇီလန်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အခြားကျွန်းနိုင်ငံ ကိုးနိုင်ငံ ကိုယ်စားပြုကင်ဘာရာအခြေစိုက် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Paul Gulleik Larsen သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ရုံးချုပ်ဖြစ်သည့် ရောမမြို့တွင် ဦးစီးအရာရှိနှင့် ညွှန်ကြားရေးမှူးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂအတွေ့အကြုံများလည်း ကောင်းမွန်စွာရှိထားသူဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent