■ စပါးအသင်း၏ ကြံ့ခိုင်ရေးနည်းပြ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်     

■ စပါးအသင်း၏ ကြံ့ခိုင်ရေးနည်းပြ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်     
Photo: Getty Images
Photo: Getty Images
Published 7 October 2022

စပါးအသင်း၏ ကြံ့ခိုင်ရေးနည်းပြဖြစ်သည့် ဂျီယန်ပီယာရိုဗန်ထရိုနီ(၆၂ နှစ်)သည် ကြာသပတေးနေ့က သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ 

၎င်းသည် လေ့ကျင့်ရေးကွင်းတွင် ကစားသမားများကို ပြင်းပြင်းထန်ထန် လေ့ကျင့်မှုပြုလုပ်ရန် တွန်းအားပေးလေ့ရှိသူအဖြစ် ကျော်ကြားသူဖြစ်ပြီး စပါးနည်းပြ ကွန်တီ အားထားသော နည်းပြအဖွဲ့ ဝင်တစ်ဦးလည်းဖြစ်သည်။ 

ထို့ကြောင့် ၎င်း၏သေဆုံးမှုကို စပါးအသင်းက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အသင်းအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

Most Read

Most Recent