■ ပြီးခဲ့သည့်နွေရာသီက စီရော်နယ်လ်ဒိုကို ခေါ်ယူရန်ကိစ္စအားဆွေးနွေးခဲ့ဖူးသည်ဟု ဘိုင်ယန်မြူးနစ် CEO ဝန်ခံ     

■ ပြီးခဲ့သည့်နွေရာသီက စီရော်နယ်လ်ဒိုကို ခေါ်ယူရန်ကိစ္စအားဆွေးနွေးခဲ့ဖူးသည်ဟု ဘိုင်ယန်မြူးနစ် CEO ဝန်ခံ     
Photo: Getty Images
Photo: Getty Images
Published 7 October 2022

ဘိုင်ယန်မြူးနစ်အသင်း၏ CEO ဖြစ်သည့် အိုလီဗာခန်းက မိမိတို့အသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလက မန်ယူအသင်း၏တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူရန် ဆွေးနွေးခဲ့ဖူးသည်ဟု ဝန်ခံပြောကြားခဲ့သည်။

    

အိုလီဗာခန်းသည် ယခင်က စီရော်နယ်လ်ဒိုအား လေးစားသော်လည်း မိမိတို့အသင်း၏ မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ခေါ်ယူမည်မဟုတ်ဟု ဆိုခဲ့ဖူးသူဖြစ်ပြီး ယခုအချိန်တွင်မူ ခေါ်ယူရန် အသင်းတွင် ဆွေးနွေးမှုပြုလုပ်ခဲ့ဖူးသည်ဟု ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။

    

အိုလီဗာခန်းက "စီရော်နယ်လ်ဒိုကို ကျွန်တော်တို့ ခေါ်ယူဖို့ စဉ်းစားခဲ့ပါတယ်။ သူက ထာဝရအကောင်းဆုံး စာရင်းဝင် ကစားသမားတစ်ဦး ဖြစ်သလို အသင်းကိုလည်း အကျိုးပြုနိုင်မှာပါ။ ကျွန်တော်တို့လိုပဲ ဒေါ့မွန်အသင်းလည်း စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စဉ်းစားခဲ့ပါသေးတယ်။ အဓိကအချက်ကတော့ စီရော်နယ်လ်ဒိုလို ကစားသမားဟာ ကလပ်အသင်းကိုတင် မဟုတ်ဘဲ ဘွန်ဒစ်လီဂါပြိုင်ပွဲတစ်ခုလုံးရဲ့ ပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်လို့ပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒီအစီအစဉ်ကို လက်လျှော့လိုက်ကြပါတယ်"ဟု ဆိုခဲ့သည်။ 

အသက် (၃၇) နှစ်ကျော်ပြီဖြစ်သည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီတွင် အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သလို၊ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်လည်း အသင်းမှ ထွက်ခွာရန် ထပ်မံကြိုးစားလာဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent