လီဗာပူးလ်အသင်းသည် အားနည်းနေသည့် အသင်း၏ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ထိပ်တန်းအားဖြည့်မှုပြုလုပ်ရန် စီစဉ်လျက်ရှိရာ ဘယ်လင်ဟမ်နှင့် မူဆီယာလာတို့ကို ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရသည်။
ဘယ်လင်ဟမ်အား ဒေါ့မွန်အသင်းက ပေါင်သန်း (၁၃၀)အထိ စျေးနှုန်းသတ်မှတ်ထားပြီး ၎င်းအား ခေါ်ယူလိုသည့် အသင်းများထဲတွင် ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးတို့ကလည်း လီဗာပူးလ်နှင့် အပြိုင်ဖြစ်နေသည်။
ကစားသမားကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့လိုနေသည်ဟု သတင်းများထွက်ပေါ်နေပြီး လီဗာပူးလ်အသင်းကမူ လက်လျှော့လိုခြင်းမရှိသေးချေ။
ဘယ်လင်ဟမ်ကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့လျှင်မူ လီဗာပူးလ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမား မူဆီယာလာအား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။
မူဆီယာလာသည် ချယ်လ်ဆီး အသင်း၏ လူငယ်စီမံကိန်းထွက် ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူး နစ်အသင်းတွင် တောက်ပလျက်ရှိကာ လက်ရှိဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်သည်။
သူသည် အင်္ဂလန်အသင်းကို ကျော်ကာ ဂျာမနီ လက်ရွေးစင်အသင်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။















