ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်​ရေးကိစ္စများအ​ပေါ် ဦးဝင်းမြင့်နှင့်  ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့်အမှုများတွက် တရားလိုပြသက်​သေတစ်ဦးကို စစ်ဆေး

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်​ရေးကိစ္စများအ​ပေါ် ဦးဝင်းမြင့်နှင့်  ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့်အမှုများတွက် တရားလိုပြသက်​သေတစ်ဦးကို စစ်ဆေး
Published 3 October 2022

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်​ရေးကိစ္စများ​ ​ဆောင်ရွက်မှုအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုများတွက် တရားလိုပြသက်သေတစ်ဦးအား စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော် ​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အောက်တိုဘာ ၃ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတ​ဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉နှင့် ၅၀ တို့အတွက် တရားလိုပြသက်​သေတစ်ဦးအား စစ်​ဆေးခဲ့​ခြင်းဖြစ်​ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေများနစ် နာဆုံးရှုံးခဲ့မှုစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်းသိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေ​ကြေးပေး​ချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ် တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်း မရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေမှုစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်​​သည်။

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင် ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက် ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထား သည့်အမှုများအား ​​​​အောက်တိုဘာ  ၄ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းသိရသည်။

Most Read

Most Recent