ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး​ဟောင်း သုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပ​ဒေဖြင့် ​ထောင်ဒဏ်သုံးနှစ်စီ ချမှတ်

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး​ဟောင်း သုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပ​ဒေဖြင့် ​ထောင်ဒဏ်သုံးနှစ်စီ ချမှတ်
Published 29 September 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက်၍ အမှုဖြင့် ​ထောင်ဒဏ် သုံးနှစ်စီ ကျခံ​စေရန် အမိန့်ချလိုက်​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့်သတင်းများအရ သိရသည်။

​​နေပြည်​တော်အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အကျဉ်း​ထောင်အတွင်းမှ ရုံးထုတ်ခဲ့​ပြီး ဝန်ကြီး​ဟောင်း ဦးစိုးဝင်းသည် ​ထောင်ပြင်ပမှ ရုံးချိန်းလာ​​ရောက်ခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုတွင် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို မူရင်းစွဲဆိုထားသည် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ခဲ့ပြီး ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်းသုံးဦးအား ပုဒ်မ ၃(၁)(ဂ)/၉ (အား​ပေးကူညီမှု)ဖြင့် စွဲချက်ခဲ့ကာ အဆိုပါပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)တွင် " မည်သူမဆို နိုင်ငံ​တော်လုံခြုံ​ရေးကိုဖြစ်​စေ၊ နိုင်ငံအကျိုးကိုဖြစ်​စေ ထိခိုက်​စေ​သော ရည်ရွက်ချက်ဖြင့်" ဟု ​ဖော်ပြထားပြီး ပုဒ်မ(ဂ)တွင် "ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ကြံရွယ်၍ အစိုးရလျှို့ဝှက်သ​င်္ကေ​တ(Code)၊ ကင်းစကားဝှက်(Password)၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ​ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာရွက်စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကို ရယူခြင်း၊ စု​ဆောင်းခြင်း၊ ​ရေးမှတ်ခြင်းပြုလျှင် သို့မဟုတ် သူတစ်ပါးဆက်သွယ်သိရှိ​စေလျှင်လည်း​ကောင်း" " ထိုပြစ်မှုသည် တပ်​မတော်လုပ်ငန်း၊ လက်နက်တိုက်၊ ကြည်းတပ်၊ ​ရေတပ်၊ ​လေတပ်တည်ရှိရာ၊ ချထားရာ​နေရာတစ်ခုခု၊ ကြည်းတပ်၊ ​ရေတပ်၊ ​လေတပ်ဆိုင်ရာ မိုင်း၊ မိုင်းတွင်း၊ အလုပ်ရုံ၊ သ​​​င်္ဘောကျင်း၊ စခန်း၊ သ​​င်္ဘောနှင့် ​လေယာဉ်တစ်ခုခုနှင့်သက်ဆိုင်လျှင် ​ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံရမည်။ အခြားပြစ်မှုနှင့် သက်ဆိုင်လျှင် ​ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခြင်းခံရမည်" ဟု ပြဌာန်းထား​ကြောင်း သိရသည်။

လက်ရှိတွင် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​စုစု​ပေါင်းထောင်ဒဏ် ၂၃ နှစ်အထိ ချမှတ်ခံထားရပြီး ​နေပြည်​တော်အကျဉ်း​ထောင်တွင် သီးခြားထားရှိ​ကြောင်း သိရသည်။

Most Read

Most Recent