နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ထံ IOM ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ၎င်း၏ခန့်အပ်လွှာအား ပေးအပ်

နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ထံ IOM ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ၎င်း၏ခန့်အပ်လွှာအား ပေးအပ်
Published 9 September 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား  စက်တင်ဘာ ၉ ရက် နံနက် ၁ဝ နာရီတွင် အပြည်ပြည်ဆိုင်ရာ ရှွေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ (Chief of Mission) အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Dragan Aleksoski က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံပြီး ၎င်းင်း၏ခန့်အပ်လှွာကို ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ရှွေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragan Aleksoski တို့သည်  စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM အဖွဲ့အကြား လုပ်ငန်းနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့သည့် အခြေအနေများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လှွာ ရေးထိုးရေးညှိနှိုင်းနေမှု အခြေအနေများ၊ IOM အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ နေရပ်စွန့်ခွာရသူများကို လူသားချင်းစာနာမှုအကူအညီပေး လိုသည့်ကိစ္စများ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရခိုင်၊ ချင်း၊ ကယား၊ မကွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့မှုနှင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နားလည်မှုအချွန်လှွာရေးထိုး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။