မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းမှု၊ ထိုင်းနိုင်ငံရောက် မြန်မာအချို့ ထိုင်းဘတ်ငွေအများအပြား ဝယ်ယူစု ဆောင်းမှုများကြောင့် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် ၈၄၀ ဘတ်ဝန်း ကျင်အထိရှိနေပြီး ငွေလဲမှုများရပ်နားထားကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူအချို့ ဆို ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအချို့ ၏ ပြောကြား ချက်အရ သိရသည်။
“ဒီနေ့ဆို ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာငွေ ၁၁၉ ကျပ်ထိဖြစ်နေလို့ အရောင်း ရပ်လိုက်ပါပြီ။ ထိုင်းဘတ် ငွေ တစ်ဘတ်ကို ၁၁၀ ပေးတာတောင် ထုတ်မရောင်း ကြတော့ဘူး” ဟု ထိုင်း- မြန်မာငွေ လဲ လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အခုက ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအချို့ပေါ့။ ပြောမယ်ဆို မြန်မာနိုင်ငံက ငွေကြေးတက်နိုင်ပြီး ထိုင်းမှာ အခြေချ ဖို့ ပြောင်းရွှေ့ နေထိုင်နေတဲ့ မြန်မာတွေပေါ့။ သူတို့က ငွေတတ်နိုင်တော့ ထိုင်းဘတ်ငွေ တွေကို အသည်းအသန်လိုက်ဝယ်နေကြ တာ။ အဲ့လို ဝယ်လေ ငွေစျေးကတက်လေ ဖြစ် နေတာ။ မဝယ်ပါနဲ့ဆိုတော့လည်း သူ တို့က ထပ်တက်မှာစိုးလို့ ဝယ်။ သူတို့ဝယ် လေငွေစျေးက တက်လေနဲ့ အဲ့လိုဖြစ်နေ တာ။ ထိုင်းမှာ ချက်ချင်းအိမ်မဝယ်နိုင်သေး တောင် ငှားနေဖို့၊ ကလေးတွေ ကျောင်းထားဖို့ စရိတ် တွေကြောင့် သူတို့မှာ ဘတ်ငွေ လိုအပ်ချက် က မြင့်မားနေကြတာ။ အခုလတ်တလော တော့ ဘန်ကောက်အပြင် ချင်းမိုင်မှာလည်း မြန်မာတော်တော်များများ ပြောင်းရွှေ့နေ ထိုင်လာကြတယ်။ ကျွန်တော်သိသလောက် တစ်ချို့ ငွေလဲလုပ်ငန်းတွေဆို လက်လီအ ရောင်းတွေကို ပိတ်ထားပြီး ဘတ်သိန်း ချီ လဲ သူ တွေကိုပဲ အရောင်းအဝယ် လုပ်နေတဲ့ ထိကို ဖြစ်နေတာ”ဟု ငွေလဲလုပ်ငန်း လုပ် ကိုင်နေသည့်ထိုင်းနိုင်ငံရောက် မြန်မာလုပ် ငန်းရှင်တစ် ဦးကပြောသည်
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ ဆင်းမှု၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းမတည် ငြိမ်မှုများကြောင့် Online Shopping ရောင်း ချသူအများစု ခေတ္တအရောင်း ရပ်နားထားရ ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ယင်းသို့ မြန်မာကျပ် ငွေတန်ဖိုး လျင်မြန်ဆိုးရွားစွာ ကျဆင်းနေမှု ကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စား သောက်ကုန်ပစ္စည်းများ မှာယူကာ အွန်လိုင်း တွင် အရောင်းပိုစ့်တင်ရောင်းချနေသည့် အွန်လိုင်းအရောင်းစျေးဆိုင်အချို့မှာ ရောင်း ချမှုရပ်နားထားရကြောင်း သိရသည်။ မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားငွေ အသီးသီး၏ ငွေကြေးလဲလှယ်မှုမှာ လျင်မြန် စွာပြောင်းလဲနေခြင်းဖြစ်သည်။
“အခုဆို အစ်မဘာမှတောင်မရောင်း ဘူး။ အကုန်ရပ်ထားတယ်။ မှာထားတာနဲ့ ရောင်းရတာနဲ့က မကိုက်တော့ဘူးလေ။ အစ်မတို့က ထိုင်းနိုင်ငံက ပစ္စည်းတွေကို အများဆုံးမှာပြီး ရောင်းတာပါ။ အခု မြန်မာ ငွေစျေးကျတာက ဆက်တိုက်ဖြစ်နေတာ။ ဥပမာဆိုရင် မနက်ပိုင်းမှာ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ် ၇၀ ဆိုရင် ညနေကျ ၇၅ အဲဒီလို ဖြစ်သွားတာ။ ပစ္စည်းထပ်မှာဖို့က အ ဆင်မပြေတော့ဘူးလေ။ ပြီးတော့ Pre Order ကောက်ပြီး ရောင်းတာဖြစ်တဲ့အတွက် အစ်မ တို့က ရဝကျပ် ၊ ၈ဝကျပ်နဲ့တွက်ပြီး ရောင်း ထားတာ။ ပစ္စည်းမှာတော့ စျေးက ၉၀ တို့၊ ၉၅ တို့ဖြစ်သွားတဲ့အခါကျ စျေးက တော်တော် ဟသွားပြီလေ။ တစ်ဘတ်ကိုလေ ၁၀ ကျော် လောက်ဟသွားတော့ အများနဲ့ကျတော့ အဆင်မပြေတော့ဘူး။ အရင်က ပုံမှန်ဖြစ်နေ တာဆိုတော့ အလုပ်လုပ်လို့ရတယ်။ ဘတ် စျေးတက်မယ်ဆို တက်လို့ရတယ်။ ဥပမာ ၆၀ ကနေ ၆၅ ကျပ်တက်ပေမယ့် ငွေစျေးက ငြိမ်နေရင် အစ်မတို့က အလုပ်လို့ရတယ်။ အခုကမဟုတ်ဘူး။ မနက်မှာရ၅၊ ညနေကျ ၉၅ ဆိုတော့ အစ်မတို့က အလုပ်လုပ်ဖို့က တော်တော်လေးကို ခက်ပါတယ်”ဟု ထိုင်း နိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း များ မှာယူကာ အွန်လိုင်းတွင် အရောင်းပိုစ့် တင်ရောင်းချနေသည့် အွန်လိုင်းစျေးရောင်း သူတစ်ဦးက ပြောကြားသည်။















