ချင်းပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှအနားယူခွင့်ပြု

ချင်းပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှအနားယူခွင့်ပြု
Published 19 August 2022

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်အား   တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၉ ရက်တွင် အမိန့်အမှတ်(၅၅/၂၀၂၂)ဖြင့် ထုတ်ပြန်သည်။

ထိုသို့လစ်လပ်သွားသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာအား အစားထိုးခန့်အပ်ကြောင်းကို နစကက အမိန့်အမှတ်(၅၆/၂၀၂၂)ဖြင့် ထုတ်ပြန်သည်။

အဆိုထုတ်ပြန်မှုအရ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဝုန်ဆွန်းထန်းအား ခန့်အပ်ကြောင်း  သိရသည်။

Most Read

Most Recent