၂၀၂၂ ခုနှစ် ဧပြီတွင် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၉၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၉ သန်းကျော် ပိုမိုရရှိ

၂၀၂၂ ခုနှစ် ဧပြီတွင် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၉၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၉ သန်းကျော် ပိုမိုရရှိ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
Published 13 August 2022

၂၀၂၂ ခုနှစ် ဧပြီတွင် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၉၇ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၉ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ ချုပ်ပြီး အထည်တင်ပို့မှုမှ ဒေါ်လာ ၂၉၇ ဒသမ ၈ သန်းရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီတွင် ဒေါ်လာ ၂၃၈ ဒသမ ၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ဧပြီတွင် ချုပ်ပြီးအထည်တင်ပို့မှုမှ ရရှိငွေမှာ ယခင်နှစ်ကာလတူထက် ဒေါ် လာ ၅၉ ဒသမ ၁ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ဒီဇင်ဘာလတွင် အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ၄၁၄ ဒသမ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၂၂၂၉ ဒသမ ၈ သန်းရရှိခဲ့ကြောင်း သိရသည်။

လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်တွင် ဒေါ်လာ ၂၆၈ သန်း၊ဧပြီတွင် ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊ မေတွင်ဒေါ်လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်တွင် ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၃၇၈ ဒသမ ၃ သန်း၊အောက်တိုဘာတွင်ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင်ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်တွင် ၄၀၃ ဒသမ ၈ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန် နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိ တင်ပို့ထားသည်။

Most Read

Most Recent