မနက်ဖြန်များဆီ ပျံသန်းရန်အသင့်

မနက်ဖြန်များဆီ ပျံသန်းရန်အသင့်
Photos: AFP
Photos: AFP
Published 10 August 2022
Wai Yan Aung

ရီးယဲလ်က ကစားသမားခေါ်ယူမှုတွေမှာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပြီး ဒီနွေမှာတော့ လစာမြင့်ကစားသမားတွေကိုပါ ရှင်းထုတ်နေပါတယ်။ စာချုပ်သက်တမ်းကုန်သွားတဲ့ ဘေးလ်၊ မာဆယ်လို၊ အစ္စကိုတို့ နဲ့ လမ်းခွဲလိုက်သလို၊ အသင်းမှာ နေရာမပေးနိုင်တဲ့ ကစားသမားတွေကို အငှားချတာထက် ပြတ်ပြတ် သားသားရောင်းထုတ်ပစ်တာမျိုးတွေ လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။ ကျစ်လျစ်တဲ့ လူစာရင်းနဲ့သာ ရာသီသစ်ကို ရင်ဆိုင်မယ့်အလားအလာ ရှိနေပြီး ကစားသမားသစ် ထပ်ခေါ် ဖို့ မရှိပေမဲ့ ရီးယဲလ်က ထွက်ခွာရနိုင်တဲ့ ကစားသမားတွေတော့ ထပ်ပြီးရှိလာနိုင်တယ်လို့ စပိန်မီဒီယာတွေက ခန့်မှန်းထားပါတယ်။ ဒီအတွက် ရီးယဲလ်အသင်း အားလျော့သွားမှာတော့ မဟုတ်ပါဘူး။ ပိုကောင်းတဲ့ ကစားသမားသစ်တွေ ရောက်လာဖို့အတွက် စိန် ခေါ် နိုင်စွမ်းနည်းပါးတဲ့ ကစားသမားတွေ ဖယ်ပေးရတဲ့သဘောပါ။

 

Most Read

Most Recent