နာပိုလီအပေါ် သစ္စာစောင့်သိသည့်အနေဖြင့် ဂျူဗင်တပ်စ်သို့ပြောင်းရန် မာတင်စ် ငြင်းဆန်

နာပိုလီအပေါ် သစ္စာစောင့်သိသည့်အနေဖြင့် ဂျူဗင်တပ်စ်သို့ပြောင်းရန် မာတင်စ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 4 August 2022

ဘယ်လ်ဂျီယံဝါရင့်တိုက်စစ်ကစားသမား မာတင်စ်သည် နာပိုလီအသင်းအပေါ် သစ္စာစောင့်သိသည့်အနေဖြင့် ဂျူုဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။

အသက် (၃၅) နှစ်အရွယ်ရှိ မာတင်စ်သည် ၂၀၂၁-၂၂ ရာသီကုန်တွင် နာပိုလီနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် မာတင်စ်ကို တစ်နှစ်လစာ ယူရို (၅)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း နာပိုလီအသင်းအပေါ် သစ္စာစောင့်သိသည့်အနေဖြင့် ၎င်းက ငြင်းပယ်ခဲ့ကြောင်း Gazzetta dello Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မာတင်စ်သည် နာပိုလီအသင်းတွင်၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၃၉၇) ပွဲတွင်(၁၄၈) ဂိုး သွင်းယူခဲ့သည်။ 

Most Read

Most Recent