ပြည်ကြီးတံခွန် မြို့နယ်တွင် ရွှေဆိုင် ဓါးပြတိုက်မှု ဖြစ်ပွားပြီး ရွှေတစ်ပိဿာ ကျော် နှင့် ငွေသား သိန်းခြောက်ဆယ် ယူဆောင်သွား

ပြည်ကြီးတံခွန် မြို့နယ်တွင် ရွှေဆိုင် ဓါးပြတိုက်မှု ဖြစ်ပွားပြီး ရွှေတစ်ပိဿာ ကျော် နှင့် ငွေသား သိန်းခြောက်ဆယ် ယူဆောင်သွား
Published 24 July 2022

မန္တလေးမြို့၊  ပြည်ကြီးတံခွန်မြို့နယ်တွင် ရွှေဆိုင်ဓါးပြတိုက်မှုဖြစ်ပွားပြီး ရွှေတစ်ပိသာကျော် ယူဆောင်သွားမှု ဇူလိုင်လ ၂၄ ရက် (ယနေ့) မွန်းလွဲနှစ်နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊ ၁၂၅လမ်း၊ ၅၈လမ်းနှင့်၅၉ လမ်းကြားရှိ မော့သစ်ရွှေဆိုင်သို့ အမျိုးသား နှစ် ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်၍ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ပြီး  ရွှေများအား ယူဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းတစ်ဦး ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဆိုင်မှရွှေထည်ပစ္စည်း တစ်ပိသာ‌ကျော်နှင့် ငွေသားသိန်းခြောက်ဆယ်ခန့်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းမောသစ်ရွှေဆိုင်သည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကလည်း ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ရွှေများ ပါသွားခဲ့သေးသည်။

ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ဓါးပြတိုက်ခံရခြင်းဖြစ်သည်။