ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းအားပေးခြင်းကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုအလားအလာ ကာလရှည်ကြာ အတားအဆီးဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်၏စစ်တမ်းတွင် ဖော်ပြ

ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းအားပေးခြင်းကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုအလားအလာ ကာလရှည်ကြာ အတားအဆီးဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်၏စစ်တမ်းတွင် ဖော်ပြ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 23 July 2022

၂၀၂၃ ခုနှစ်တွင် ဒေသတွင်း နိုင်ငံကြီးများ အားလုံး၏ GDP သည် ကိုဗစ်-၁၉ မတိုင်မီ စီးပွားရေးအခြေအနေသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် လတ်တလောမူဝါဒအပြောင်းအလဲများနှင့် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းသွပ်သွင်းအားပေးခြင်းကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုအလားအလာ ကာလရှည်ကြာ အတားအဆီးဖြစ်စေမည်ဖြစ် ကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ပြန်သည့်ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဒေသတွင်း နိုင်ငံကြီးများအားလုံးတွင် GDP သည် ၂၀၁၉ ခုနှစ်အဆင့်ထက် ကျော်လွန်ရောက်ရှိပြီး သို့မ ဟုတ် ၂၀၂၃ ခုနှစ်တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များက ယခင်ကုန်သွယ်မှု ဖြေလျော့ပေး ခဲ့ခြင်းနှင့်  နိုင်ငံခြားငွေလဲလှယ်မှုစနစ်များကို ပြန်လည်တင်းကြပ်လိုက်ခြင်းဖြစ်သည်။

သွင်းကုန်အစားထိုးခြင်းနှင့် ကိုယ်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းသွပ်သွင်းအားပေးခြင်းကြောင့် ဆယ်စုနှစ်တစ်ခုစာ မြန်မာ့စီးပွားရေးတိုးတက်မှု၏ အားကောင်းမောင်းသန် တွန်းအားများဖြစ်စေခဲ့သော ပွင့်လင်းမှု၊ ဖြေလျော့မှုတို့ကို ပြောင်းပြန် လှန်ပစ်လိုက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မူဝါဒအပြောင်းအလဲများသည် အာဏာပိုင်များအနေဖြင့် စီးပွားရေးတွင် အရင်းအမြစ်များ နေရာချထားမှုကို ကြီးစွာထိန်း ချုပ်ခွင့်ရနေစေကာ ယင်းကြောင့် အချို့အတွက် အကျိုးကျေးဇူးရှိနိုင် မည်ဖြစ်သော်လည်း စီးပွားရေးရင်းမြစ်များကို ထိရောက်စွာ အသုံး ပြုနိုင်မည့်နေရာများမှ လုံးဝသွေဖည်သွားစေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး သမိုင်းကြောင်း သင်ခန်းစာများအရ အဆိုပါပုံစံအတိုင်း ဆက်လက်သွားနေဦးမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု အားနည်းနေဦးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို ဆက်လက်ထိခိုက်စေမည်ဖြစ်ကာ မြန်မာ့စီး ပွားရေးတိုးတက်မှု အလားအလာများအား ကာလရှည်ကြာ အတားအဆီးဖြစ်စေတော့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာလတိုမှ ကာလလတ်အထိ ပြည်တွင်းအစားအစာ၊ လောင်စာဆီနှင့် အခြားသော ပြည်ပသွင်းကုန်သွင်းအားစု စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေရှိသောကြောင့် ကုန်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ လက်ကျန်ငွေပေးချေမှု အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဆက်လက်ကြီးထွားနေပြီး အမေရိကန်ဒေါ်လာ ပြတ် တောက်မှုကြောင့် လောင်စာဆီအပါအဝင် များစွာသော သွင်းကုန်အမျိုးအစားများကို အကန့်အသတ်ဖြစ်စေကြောင်း၊ နိုင်ငံ၏နေ ရာအတော်များများတွင် ပဋိပက္ခများ ပြန့်နှံ့ကြီးထွားလာခြင်းက ကုန်ထုတ်လုပ်ငန်းများကို ဆက်လက်အတားအဆီးဖြစ်စေမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

အကျိုးဆက်အနေဖြင့် ကာလတိုတွင် ကိုဗစ်-၁၉ မတိုင်ခင် စီးပွားရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လတ်တလောအ ခြေနေတွင် အလှမ်းဝေးနေဆဲဖြစ်ပြီး ယင်းအချက်သည် ကျန်အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများနှင့် ဖီလာဆန့်ကျင်နေ ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိသာသာမရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိ သိသာသာအနှောင့်အယှက်ဖြစ်စေသည်။

မြန်မာ့စီးပွားရေးသည် မနှစ်က ၁၈ ရာ ခိုင်နှုန်းကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်သည့် ဘဏ္ဍာ ရေးနှစ်တွင် သုံးရာခိုင်နှုန်းသို့ ရောက်လာမည်ဟု ခန့်မှန်းသည်။ အားနည်းသော စီးပွားရေးလုပ်ဆောင်မှုများက မြန်မာ့စီးပွားရေး အနေဖြင့် ကျယ်ပြန့်လှသော အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။ ယင်းတို့တွင် ယူကရိန်စစ်ပွဲ၏ရိုက် ခတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်ပသွင်းကုန်သွင်းအားစုများနှင့် အသုံးအဆောင် ပစ္စည်းများ စျေးမြင့်တက်လာခြင်း၊ ပြည်တွင်း ပဋိပက္ခပိုမိုဆိုးရွားပြင်းထန်လာခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ၊ သယ်ယူပို့ ဆောင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိနေခြင်းတို့ ပါဝင်သည်။

Most Read

Most Recent