ဒုတိယဗိုလ်မှူးကြီး ခြောက်ဦးအား ဒုတိယ ညွှန်ကြားရေးမှူး ရာထူးဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ လွှဲပြောင်း ခန့်အပ်

ဒုတိယဗိုလ်မှူးကြီး ခြောက်ဦးအား ဒုတိယ ညွှန်ကြားရေးမှူး ရာထူးဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ လွှဲပြောင်း ခန့်အပ်
Published 22 July 2022

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ် ရာထူးခန့်ချုပ်ရုံးက ဒုတိယဗိုလ်မှူးကြီးအ ဆင့်ရှိ ခြောက်ဦးကို  ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် လွှဲပြောင်းခန့်အပ်လိုက်ကြောင်း ၂၀၂၂ ခု နှစ် ဇွန် ၇ ရက်စွဲဖြင့်မြန်မာနိုင်ငံတော်ဗဟို ဘဏ်က အမိန့်ကြော်ငြာစာ အမှတ်(၂၉/၂၀၂၂)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြချက်အရသိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ် ရာထူးခန့်ချုပ်ရုံး၏ ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်စွဲပါ စာအမှတ်၊ ၁၇ ရာထူး(၁၃-ထ/၂) ၂၀၂၂ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့  လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြုသည့် အ ဆိုပါ ဒုတိယဗိုလ်မှူးကြီးခြောက်ဦးတို့အား  ၂၀၂၂ ခုနှစ် ဇွန် ၆ ရက်နေ့ နံနက်ပိုင်းမှစ၍  ဒုတိယညွှန်ကြားရေးမှူးဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တွင် စတင်တာဝန်ထမ်း ဆောင်စေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစတွင်ဖော်ပြထားသည်။

ဗဟိုဘဏ်သို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည့် တပ်မတော်သားများမှာ  ကိုယ်ပိုင်အမှတ် ကြည်း ၂၆၀၉၃ ဒုတိယ ဗိုလ်မှူးကြီးသာမိုး၊ ကြည်း ၃၃၀၅၇ ဒုတိယ ဗိုလ်မှူးကြီး ရာဇာလင်း၊ ကြည်း ၂၇၆၁၀ ဒုတိယဗိုလ်မှူးကြီး သာထူး ဝင်း၊ ကြည်း ၃၄၂၉၇ ဒုတိယဗိုလ်မှူးကြီး ကြည်ရအောင်၊ ကြည်း ၃၆၇၃၉ဒုတိယ ဗိုလ်မှူးကြီး ထွန်း အောင်ဖြိုး၊ ကြည်း၃၆၇၈၈ ဒုတိယဗိုလ် မှူးကြီး ဇော်ဝင်းထွန်း တို့ဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent