မန္တလေးမြို့ အောင်တော်မူ ဘုရားရှေ့ရှိ ထီဆိုင်အား ဗုံးဖြင့် လာရောက်ပစ်ခတ်ခံရပြီး ဆိုင်ရှင်အမျိုးသား ဒဏ်ရာ ရရှိ

မန္တလေးမြို့ အောင်တော်မူ ဘုရားရှေ့ရှိ ထီဆိုင်အား ဗုံးဖြင့် လာရောက်ပစ်ခတ်ခံရပြီး ဆိုင်ရှင်အမျိုးသား ဒဏ်ရာ ရရှိ
Published 22 July 2022

မန္တလေးမြို့တွင် အောင်တော်မူဘုရားရှေ့ရှိ ထီဆိုင်အား ဗုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဆိုင်ရှင်အမျိုးသားဒဏ်ရာရရှိမှု ဇူလိုင် ၂၁ ရက် ညနေ ၅နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

‌ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃ လမ်း၊ ၂၈လမ်းနှင့်၂၉ လမ်းကြား၊ အောင်တော်မူဘုရားရှေ့ရှိ  သင်္ကန်းတိုက်နှင့် ထီဆိုင်တွဲရောင်းချလျှက်ရှိသည့် ထီဆိုင်သို့ ဆိုင်ရှင် ဦးဖေအောင် (၇၆)နှစ်နေသူမှ ထီရောင်းနေစဉ် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့သည်  ဆိုင်သို့ ရောက်ရှိလာပြီး တစ်ဦးမှ ထီရောင်းချရန် ပြောဆိုနေစဉ် ကျန်တစ်ဦးမှ  လက်ပစ်ဗုံးအား စနက်တံ ဖြုတ်၍ ထီအရောင်းဆိုင် ကောင်တာအပေါက်မှ ဆိုင်တွင်းသို့ ပစ်သွင်းခဲ့သဖြင့် ဆိုင်အတွင်း ဗုံး ကျရောက်ပေါက်ကွဲခဲ့‌ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှင် ဦးဖေအောင်၏ ညာဘက်ခြေသလုံးနှင့် ဖြေဖမိုးတို့ ဗုံးစထိမှန်ဒဏ်ရာများ တို့ရရှိခဲ့ပြီး ထီဆိုင်တွင်းရှိ မှန်များ  ထီအရောင်းကောင်တာ မှန်များ ထိခိုက် ကွဲအက်မှု‌များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent