မာကျောမှု၊ ကျစ်လျစ်မှုတွေနဲ့ အပြာရောင်ဖလောရင့်သားများ

မာကျောမှု၊ ကျစ်လျစ်မှုတွေနဲ့ အပြာရောင်ဖလောရင့်သားများ
Photos: Getty Images
Photos: Getty Images
Published 20 July 2022
Zay Yar Htun

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အပြာရောင်ဖလောရင့်မြို့ကို ရီးယဲလ်မက်ဒရစ် အပစ်ပယ်ခံ ဆားဘီးယားကြယ်ပွင့်ရောက်လာခဲ့တယ်။ သူ့နာမည်က ယိုဗစ်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဖီအိုရင်တီးနားက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားအသင်းက အခုအပြောင်းအရွှေ့မှာ ယိုဗစ်အပါအဝင်ကစားသမား (၃)ဦး အားဖြည့်ထားတယ်။ နောက်နှစ်ဦးက ဂျူဗင်တပ်စ်ကွင်းလယ်လူ မန်ဒရာဂိုရာနဲ့ အတ္တလန်တာဂိုးသမား ဂေါ်လီနီတို့ဖြစ်ပါတယ်။ ဂေါ်လီနီကိုတော့ ဖီအိုရင်တီးနားအသင်းက အငှားနဲ့ ခေါ်ယူခဲ့တာပါ။ ဖီအိုရင်တီးနားနည်းပြ အီတာလီယာနိုအနေနဲ့ အသင်းကို တည်ငြိမ်မှုရှိအောင် စုစည်းကိုင်တွယ်နေတာလည်း တွေ့ရတယ်။ ခီယေဆာ၊ ဗလာဟိုဗစ် အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပေမဲ့ ဖီအိုရင်တီးနားရဲ့ သွားနေတဲ့ပုံစံက စနစ်တကျရှိတယ်။ ဘဏ္ဍာရေးပိုင်းထိခိုက်မှုမရှိသလို၊ အသင်းကို အမာထန်ဆုံးပုံစံဖြစ်အောင် နည်းပြ အီတာလီယာနိုအနေနဲ့ တည်ဆောက်နေတာလည်း တွေ့ရပါတယ်။

 

Most Read

Most Recent