ယူရိုအမျိုးသမီးပြိုင်ပွဲ ကွာတားတွင်အိမ်ရှင်အင်္ဂလန်နှင့် စပိန်၊ လက်ရှိချန်ပီယံနယ်သာလန်နှင့် ပြင်သစ်အသင်း တွေ့ဆုံ

ယူရိုအမျိုးသမီးပြိုင်ပွဲ ကွာတားတွင်အိမ်ရှင်အင်္ဂလန်နှင့် စပိန်၊ လက်ရှိချန်ပီယံနယ်သာလန်နှင့် ပြင်သစ်အသင်း တွေ့ဆုံ
Photo: Twitter
Photo: Twitter
Published 19 July 2022

အင်္ဂလန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ယူရို-၂၀၂၂ အမျိုးသမီးပြိုင်ပွဲ ကွာတားဖိုင် နယ်အဆင့်တွင် အိမ်ရှင်အင်္ဂလန်နှင့် စပိန်၊  လက်ရှိချန်ပီယံ နယ်သာလန်နှင့် ပြင်သစ် အသင်းတို့ တွေ့ဆုံနေကြောင်း သိရသည်။

    

ယူရိုအမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များ မှာ တနင်္လာနေ့တွင် ပြီးဆုံးခဲ့ပြီး ကွာတားဖိုင် နယ်တက်ခွင့် လက်ကျန်တစ်နေရာဖြစ်သည့် အုပ်စု (D) ဒုတိယနေရာအတွက် နှစ်မှတ်ရထားသည့် အိုက်စလန်နှင့် တစ်မှတ်စီရထား သည့် ဘယ်လ်ဂျီယံ၊ အီတလီအသင်းတို့ ယှဉ် ပြိုင်ခဲ့ရသည်။ ကွာတားဖိုင်နယ်အဖြစ် အုပ်စု (A) ပထမရရှိသည့် အင်္ဂလန်နှင့် အုပ်စု (B) ဒုတိယ စပိန်အသင်း၊ အုပ်စု (B) ပထမ ဂျာ မနီနှင့် အုပ်စု (A) ဒုတိယ သြစတြီးယား အသင်း၊ အုပ်စု (C) ပထမ ဆွီဒင်နှင့် အုပ်စု (D) ဒုတိယအသင်း၊ အုပ်စု (D) ပထမ ပြင် သစ်နှင့် အုပ်စု (C) ဒုတိယ နယ်သာလန် အသင်းတို့ တွေ့ဆုံနေသည်။ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၂၀ ရက်မှ ၂၃ ရက်အထိ တစ်နေ့လျှင် တစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

    

ယခုနှစ် ယူရိုအမျိုးသမီးပြိုင်ပွဲတွင် အိမ် ရှင်အင်္ဂလန်အသင်းက အလေးပေးမှု ၁၁/၄ ဖြင့် ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင် ရန် ရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent