ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွတ်ရပ်ကွက် ဟိုဆောင်နယ်မြေ အဝင်ဝရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီအခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ် ခံရမှုကြောင့် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသောဗီဒီယိုဖိုင်တွင် အကျႌအဖြူရောင် နှင့်ဘောင်းဘီတိုဝတ်ဆင်ထားသူတစ်ဦးက လွယ်အိတ်အတွင်း လက်နှိုက်၍ သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။
ယင်းသို့အနီးကပ်ပစ်ခတ်ခံရမှုကြောင့် အသက် ၃၃ နှစ်အရွယ်ခန့်ရှိ အိုက်ပီးဆိုသူမှာ ဘယ်ဘက် နောက်ကြော မှ ရှေ့ဘက်ရင်အုံ ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်းသိရပြီး သေဆုံးသူမှာ မကြာသေးမီအချိန်က တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“မနက်က ဟိုဆောင်ရွာထိပ်က စားသောက်ဆိုင်မှာ သူ့ကောင်းမလေးနဲ့ချိန်းတွေ့နေစဉ်မှာ လက်နက်ကိုင်ဆောင်ထားသူက အိတ်အတွင်းမှ ထည့်ထားတဲ့သေနတ်နဲ့ဘဲ နောက်ကြောကနေပြီး အနီးကပ် တစ်ချက်ပစ်သွားတာ၊အပစ်ခံရတဲ့ အိုက်ပီးက အဲနေရာမှာဘဲ လဲကျ သေဆုံးခဲ့ပါသည်” ဟု ဟိုဆောင်ဒေသခံတစ်ဦးကပြောကြားသည်။
တာဝန်ရှိသူများက သေနတ်ဖြင့် ပစ်ခတ်သူအား စုံစမ်းဆေး ရှာဖွေလျက်ရှိကြောင်း သိရသည်။