ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်းက မိခင်ဖြစ်သူ အသတ်ခံရကာ အသက် ၁၃ နှစ်ခန့်သာရှိသေးသော သမီးဖြစ်သူအား မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးတို့မှ ကြိုးတုတ်ရိုက်နှက် သားမယား ပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အုတ်တွင်းမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီအချိန်ခန့်က အုတ်တွင်းမြို့နယ် အနောက်ဘက် ဗောဓိကုန်းကျေးရွာ သကြားစက်အနီးသီဟိုဠ်ခြံအတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရအုတ်တွင်းမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့(ANO)အဖွဲ့ တာဝန်ရှိသူမှ အုတ်တွင်းမြို့မရဲစခန်းသို့ ထပ်ဆင့်ဖုန်းဆက်သတင်းပေးခဲ့ပြီးကမ်းမယ့်လက်များ အသင်း၏ လူနာတင်ယာဉ်များဖြင့်အခင်းဖြစ်နေရာသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက်အခင်းဖြစ်နေရာသို့ အုတ်တွင်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ခင်မောင်ကြည် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ရာအသက် ၄၀ အရွယ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦးမှာ သီဟိုဠ်ခြံအတွင်း မြေကြီးပေါ်၌ မှောက်လျှက်အနေအထားဖြင့် လည်ပင်းတွင်ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ အသတ်ခံရသူ အမျိုးသမီးမှာအုတ်တွင်းမြို့ ဈေးပိုင်းရပ် ဆေးရုံဟောင်းလမ်းတွင်နေထိုင်သူ မ……. ဆိုသူဖြစ်ပြီး ၎င်း၏ သမီးဖြစ်သူ မ….. ၁၃ နှစ်ခန့်နှင့်အတူ အကြွေးတောင်းရန်လာခဲ့ကြစဉ် အုတ်တွင်းမြို့ ဗောဓိကုန်းသကြားစက်အနီး သီဟိုဠ်ခြံအနီးသို့အရောက်တွင်သမီးဖြစ်သူနှင့် လူချင်းကွဲသွားခဲ့ပြီး အမေဖြစ်သူမှာ အသတ်ခံရခြင်းဖြစ်ကြောင်း၊ အမေဖြစ်သူအသတ်ခံရသည့် အလောင်းအားတွေ့ရှိပြီးသမီးဖြစ်သူမှာ ပျောက်ဆုံးနေကြောင်း စိစစ် တွေ့ရှိသဖြင့် သမီးဖြစ်သူအား ထပ်မံရှာဖွေစုံစမ်းခဲ့ရာ သမီးဖြစ်သူကိုပြန်လည်တွေ့ရှိခဲ့ပြီး သမီးဖြစ်သူ မ…. မှာလည်း
မျက်နှာဖုံးစွပ်ထားသော အမျိုးသားနှစ်ဦးမှ သားမယားပြုကျင့်ခြင်းကို ခံခဲ့ရကြောင်းသမီးဖြစ်သူ မ….. မှ ပြန်လည်ပြောပြခဲ့ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး မ…..၏ အစ်ကိုတော်စပ်သူက “ကျွန်တော့်ညီမ ပြောတာကတော့ သူ့ကို မျက်နှာဖုံးစွပ်ထားတဲ့လူနှစ်ယောက်က ဖမ်းပြီးတော့ ကြိုးနဲ့တုပ်ထားတာ၊ပြီးတော့ နင့်အမေ ဘယ်မှာလည်း မေးပြီး ကြိုးထုံးနဲ့လည်း ရိုက်တယ်၊သူ့ကိုလည်း မုဒိန်းကျင့်ကြတယ်လို့ သူပြောလို့သိရတာ၊ အဲ့ဒါတွေဖြစ်ပြီးတော့ သူလည်း သတိလစ်သွားလို့ ဘာမှမသိတော့ဘူး။ သူသတိရလာတော့မှ သူ့အမေက တစ်ခြားနေရာမှာ သေနေတယ်ဆိုတာကို သူသိရတာ၊အခုတောင်ငူဆေးရုံကိုရောက်တဲ့အချိန်အထိ စကားကောင်းကောင်း မပြောနိုင်သေးဘူး သူလည်း တအားကြောက်ပြီးတော့ ကြောင်တောင်တောင်ဖြစ်နေတယ်” ဟု ဆိုသည်။
အသတ်ခံရသူ မ…. အလောင်းနှင့် သားမယား ပြုကျင့်ခံရသည့်သမီးဖြစ်သူမ-----တို့ အား အုတ်တွင်းမြို့ ကမ်းမဲ့လက်များ ပရဟိတမော်တော်ယာဉ်ဖြင့် အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ထို့နောက်သားမယားပြုကျင့်ခံရသူ မ----အား နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် အုတ်တွင်းမြို့ရင်ခုံသံရှင်ရေးကူညီမှုအသင်း၏ မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း အုတ်တွင်းမြို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အုတ်တွင်းမြို့မ ရဲစခန်းမှအသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိပြီးဖြစ်စဉ်မှ ပြစ်မှုကျူးလွန် သူများအား အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း တောင်ငူခရိုင်ဖြူးမြို့နယ်တွင် အမျိုးသားတစ်ဦးမှဇနီးဖြစ်သူကိုသတ်ပြီး မြေကျင်းထဲမြှုတ်ကာ ၊ ဇနီး၏သမီးဖြစ်သူအား သားမယားပြုကျင့်၍ လူသတ်မလောင်းဖျောက်ဖျက်ပြီးထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွားခဲ့ပြီး ၆ လခန့်အကြာ ဇူလိုင်လ ၅ရက်နေ့တွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်