မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ကတော့ ဝေဖန်မှုတွေရှိနေပေမဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားကိုပဲ ရာသီသစ်မှာ အသင်းခေါင်းဆောင်အဖြစ်ထားရှိဖို့ အတည်ပြုခဲ့ပါတယ်။ တန်ဟက်ဂ်လက်ထက် ပထမဆုံးကစားတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်က လီဗာပူးလ်ကို (၄)ဂိုးပြတ် အနိုင်ရထားပါတယ်။ အဲဒီပွဲမကစားခင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ယူနိုက်တက်အသင်းသားတွေ တည်းခိုရာဟိုတယ်မှာ မက်ဂွိုင်းရားကို အသင်းက အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီထဲက စကားသံတချို့ကို ဖော်ပြလိုက်ပါတယ်။















