ဂျာမန်မြေကို ဗဟိုပြု၍

ဂျာမန်မြေကို ဗဟိုပြု၍
Photos: Getty Images
Photos: Getty Images
Published 13 July 2022
Phoe Thar

ဒီရာသီမှာလည်း ထုံးစံအတိုင်း  ဘွန်ဒစ်လီဂါဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ အပြောင်းအရွှေ့ဗဟိုချက်လိဂ်လိုဖြစ်နေပြီး ဇူလိုင် (၁၀)ရက်နေ့စာရင်းအရ ဘွန်ဒစ်လီဂါကို ဗဟိုပြုထားတဲ့ ကစားသမားဝယ်ယူမှု၊ ရောင်းချမှု စုစုပေါင်းဟာ (၁၄၁)ခုအထိ(အငှားချရာမှ ပြန်လည်ခေါ်ယူခြင်းများ၊ စာချုပ်သက်တမ်းကုန်ဆုံး ခြင်းများမပါဝင်ပါ) ရှိခဲ့ပါတယ်။ ဒါဟာ ထိပ်တန်းလိဂ် (၅)ခုထဲမှာ အရေအတွက်အများဆုံးဖြစ်ခဲ့ပြီး တခြားဘယ်လိဂ်ထက်မဆို အနည်းဆုံး အပြောင်းအရွှေ့ (၁၁)ခု ပိုမိုများပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအပြောင်း အရွှေ့သတင်းတွေအရ ဘွန်ဒစ်လီဂါကို အခြေပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကစားသမားအဝင်၊ အထွက်များစွာ ရှိနေသေးလို့လည်း ဘွန်ဒစ်လီဂါရဲ့ နွေစျေးကွက်အပေါ် ချုပ်ကိုင်နိုင်မှုက ပိုပြီးစိတ်ဝင်စားစရာဖြစ်လာခဲ့တာပါ။ ၂၀၂၂ နွေရာသီအပြောင်း အရွှေ့စျေးကွက်မှာ ဘွန်ဒစ်လီဂါရဲ့ ကစားသမားအဝင်၊ အထွက်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံးဖြစ်ခဲ့သူ (၂) ဦးကတော့ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ နော်ဝေ ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းနဲ့၊ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့တဲ့ ဆီနီဂေါကြယ်ပွင့် တိုက်စစ်မှူး မာနေတို့ပါပဲ။

 

Most Read

Most Recent