■ အနီရောင်လန်ဒန်ရပ်ဝန်းကိုရောက်လာတဲ့ ပေါ်တူဂီကြယ်ပွင့်အသစ်

■ အနီရောင်လန်ဒန်ရပ်ဝန်းကိုရောက်လာတဲ့ ပေါ်တူဂီကြယ်ပွင့်အသစ်
Photos: Arsenal FC
Photos: Arsenal FC
Published 1 July 2022
Linn Oo Eain

ပေါ်တိုအကယ်ဒမီထွက် ပေါ်တူဂီလက်ရွေးစင်ကစားသမားဖြစ်တဲ့ ဗီယေရာဟာ ဥရောပအတွေ့အကြုံရှိကစားသမားတစ်ယောက်ပါပဲ။ ငယ်ရွယ်သေးတယ်လို့ ထင်ရပေမဲ့ ပွဲအတွေ့အကြုံနဲ့ ခြေစွမ်းပိုင်းကိုကြည့်မယ်ဆိုရင် အကောင်းဆုံးအနေအထားကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ ပေါ်တိုအသင်းရဲ့ အားထားရာ No.10 Role ကစားသမားဖြစ်ပြီး လက်ရှိ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား ဒီယက်ဇ်နဲ့အတူ ပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့သူလည်း ဖြစ်တယ်။ ဗီယေရာဟာ လူငယ်ကစားသမားဘဝကတည်းက အောင်မြင်မှုတွေနဲ့ ယဉ်ပါးခဲ့သူလည်း ဖြစ်တယ်။ ပေါ်တိုလူငယ်အသင်းနဲ့ ၂၀၁၈-၁၉ ရာသီမှာ UEFA ဖလား ဆွတ်ခူးနိုင်ခဲ့သလို၊ ပရိုကစားသမားဘဝ စတင်ချိန်မှာလည်း ပေါ်တိုအသင်းနဲ့ ၂၀၁၉-၂၀၊၂၀၂၁-၂၂ ရာသီတွေမှာ အမှတ်ပေးချန်ပီယံဆုတွေကို ဗီယေရာ ရရှိခဲ့ပါတယ်။

 

Most Read

Most Recent