ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခ ရိုင် ကလောမြို့နယ် အောင်ပန်း-ပင်းတယသွား လမ်း ကျုံးဂိတ်အနီးတွင် ကားတစ်စီး ဘရိတ် ပေါက်သဖြင့် တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် ညနေ ၅ နာရီက အောင်ပန်း-ပင်းတယသွားလမ်း ကျုံးဂိတ်အနီး တွင် အောင်ပန်းသို့လာရောက်သော Isuzu Canter ကားဘရိတ်ပေါက်ပြီး လမ်းဘေးယာဉ် တစ်စီးအား ပွတ်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တိမ်းမှောက်မှု ကြောင့် ယာဉ်ပေါ်တွင် ပါလာသော ရွာငံမြို့ မြိုင်ကျေးရွာနေ ကိုဇော်မျိုးအောင်ဆိုသူမှာ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ် ပါလာသော ခရီးသည်ငါးဦးမှာလည်း ဒဏ်ရာ များရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရလူနာများ အား ပင်းတယဆေးရုံအရေးပေါ်ဌာနနှင့် သေ ဆုံးသူအား ရင်ခွဲရုံသို့ အောင်ပြည့်စုံသွေးအ သင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းတို့ က ပူးပေါင်းကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။















