■ ကာလတွေ ရွေ့လျားသွားတဲ့အခါ

■ ကာလတွေ ရွေ့လျားသွားတဲ့အခါ
Photos: Getty Images, Sky Sports & Reuters
Photos: Getty Images, Sky Sports & Reuters
Published 1 July 2022
Wai Yan Aung

မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေက ပရိသတ်တွေကို အမြဲတမ်းဆွဲဆောင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့အပြင် ဥရောပအောင်ပွဲကို အာသာငမ်းငမ်းဖြစ်နေတဲ့ အ သင်းတစ်သင်းလည်း ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် တောင့်တင်းသထက် တောင့်တင်းအောင် ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းရဲ့ အားဖြည့်မှုတွေက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်စေပါတယ်။ ဒီနွေမှာပဲ ဒေါ့မွန်အသင်းက နော်ဝေတိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူပြီး လစ်ဟာသလိုဖြစ် နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်လိုက်ပါတယ်။ ဖာနန်ဒင်ဟိုနေရာ အစားထိုးဖို့ ကွင်းလယ်ကစားသမားတစ်ယောက်နဲ့ ဘယ်နောက်ခံလူတစ်ယောက် ထပ်ခေါ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာ မန်စီးတီးကနေ ထွက်ခွာမယ့် ကစားသမားတချို့ရဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဂျေးဇူးက အာဆင်နယ်ကို ရောက်ရှိသွားတဲ့နောက် စတာလင်ကလည်း ချယ်လ်ဆီးကို ရောက်ရှိတော့မယ်လို့ နီးစပ်သူတွေက ခန့်မှန်းနေကြပါတယ်။ ဒီလမ်းခွဲသတင်းတွေက မန်စီးတီးအသင်း ပြောင်းလဲလာပြီလားလို့ မေးခွန်း ထုတ်ရမယ့်အနေအထား ဖြစ်လာပါတယ်။

 

Most Read

Most Recent