တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses နှစ်သန်းအား အာဆီယံအထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်း

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses နှစ်သန်းအား အာဆီယံအထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်း
Published 30 June 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses နှစ်သန်းအား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်းသော အခမ်းအနားကို ဇွန် ၃၀ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ်တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses နှစ်သန်း ပေးအပ်လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Ekka- phab Phanthavong က အာဆီယံနိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် လက်ရှိအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အထူးကိုယ်စားလှယ်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Doses နှစ်သန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေးအပ်လှူဒါန်းပွဲသို့ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကျန်မာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးချန်းဟိုင်နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် H.E. Mr. CHHOUK Bunna

 ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံများမှ သံအမတ်နှင့် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂအထူးပြုအေဂျင်စီ MRCSWFPWHO နှင့် UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent