လာမည့်​​ရွေး​ကောက်ပွဲတွင် ကိုယ်စားလှယ်​လောင်း၏ ပညာအရည်အချင်းအား သတ်မှတ်ရန် လျာထား​ကြောင်း UEC ​အဖွဲ့ဝင် ပြောကြား

လာမည့်​​ရွေး​ကောက်ပွဲတွင် ကိုယ်စားလှယ်​လောင်း၏ ပညာအရည်အချင်းအား သတ်မှတ်ရန် လျာထား​ကြောင်း UEC ​အဖွဲ့ဝင် ပြောကြား
Published 16 June 2022

လာမည့်​​ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်းအား သတ်မှတ်ရန် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ဇွန် ၁၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်း ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ၏ ပညာအရည်အချင်းအား ကန့်သတ်ထားခြင်း ရှိ၊ မရှိ သတင်းထောက်တစ်ဦးမေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးခင်မောင်ဦးက အထက်ပါအတိုင်း ထည့်သွင်း​​ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ ပြည်ထောင်စု​​ရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း၊ နောက်ပြီးတော့ နိုင်ငံရေးပါတီများကို သွားပြီးတော့ စစ်ဆေးတဲ့ အခြေအနေတွေ၊ ဒီဟာ​​တွေကို သုံးသပ်ပြီးတော့ ကိုယ်စားလှယ်လောင်းရဲ့ ပညာအရည်အချင်း ဒါ​​တွေဟာ သက်မှတ်သင့်တဲ့ အတိုင်းအတာတစ်ခုကို ကျွန်တော်တို့ သက်မှတ်ဖို့ ဥပဒေထဲမှာ လျာထားဆောင်ရွက်ထားပါတယ်။ အတည်ပြု ပြဌာန်းပြီးရင်တော့ သိရှိရမှာ ဖြစ်ပါတယ်။ အတည်ပြု ပြီးရင်တော့ ဒီအတိုင်းအတာကို သိရမှာ ဖြစ်ပါတယ်" ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အချုပ်အခြာ အာဏာ သုံးရပ်တွင်ပါဝင်သည့် ဥပဒေပြုရေးမဏ္ဍိုင်တွင် အဓိကတာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

ဦးခင်မောင်ဦးက " အလားတူပဲ ရွေးချယ်ခံရရင် ကျွန်တော်တို့က အုပ်ချုပ်မဏ္ဍိုင်ကိုပါ တာဝန်ထမ်းဆောင်ရတာ ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များဟု အရေးပါပါတယ်။ ဒါကြောင့် သူတို့ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည် မြင့်မားဖို့လည်း လိုအပ်ပါတယ်" ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏  ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ၊ စီးပွားရေးများနှင့်ပတ်သက် ကန့်သတ်မှု မရှိသော်လည်း ပါတီ​​များအား စစ်ဆေးသည့် အနေအထားအရ သက်ဆိုင်ရာ ပါတီများအနေနှင့် ပါတီတစ်ခုချင်းသည် ရှိသင့်သည် ဥစ္စာပိုင်ဆိုင်မှု၊ ဘဏ္ဍာရန်ပုံငွေ ရှိရန်လိုအပ်ကြောင်း ဦးခင်​​မောင်ဦးက ပြောကြားသည်။

Most Read

Most Recent