ဇွန်လ ပထမပတ်အတွင်း  COVID-19 ပိုးတွေ့ရှိမှု သုညရာခိုင်နှုန်းဝန်းကျင်သာရှိပြီး  သေဆုံးသူမရှိ

ဇွန်လ ပထမပတ်အတွင်း  COVID-19 ပိုးတွေ့ရှိမှု သုညရာခိုင်နှုန်းဝန်းကျင်သာရှိပြီး  သေဆုံးသူမရှိ
Published 7 June 2022

မြန်မာနိုင်ငံ၌ ဇွန်လပထမအပတ် အတွင်း  COVID-19 ပိုးတွေ့ရှိမူ သုညရာခိုင်နှုန်းဝန်း ကျင်သာရှိပြီး သေဆုံးသူမရှိခဲ့ကြောင်း ကျန်း မာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိမှုအနေ ဖြင့် ဇွန်၁ရက်တွင်သုည ဒသမ၁၆ ရာခိုင်နှုန်း၊ ဇွန် ၂ ရက်တွင် သုည ဒသမ ၁၁ ရာခိုင်နှုန်း၊ ဇွန် ၃ရက်တွင် သုညဒသမ၂ရရာခိုင်နှုန်း၊ ဇွန် ၄ရက်တွင်သုညဒသမ၁၈ ရာခိုင်နှုန်း၊ ဇွန် ၅ ရက်တွင် သုညဒသမဝ၂ ရာခိုင်နှုန်း၊ ဇွန် ၆ ရက်တွင် သုညဒသမဝရ ရာခိုင်နှုန်းရှိခဲ့ပြီး သေဆုံးသူမရှိကြောင်းသိရသည်။

ထို့ပြင် COVID-19 ရောဂါဖြင့် သေ ဆုံးသူမ ရှိခဲ့သည်မှာ ဧပြီ ၇ ရက်မှ ဇွန် ၆ ရက် အထိ ရက်ပေါင်း ၆၁ ရက်ဆက်တိုက် သေဆုံး သူမရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

Most Read

Most Recent