၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၇၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇ သန်းနီးပါး ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၇၉ ဒသမ ၄ သန်းရရှိသည်။ ၂၀၂၁ ခုနှစ် ဇန်န ၀ါရီတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၂ ဒသမ ၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုထက် ဒေါ်လာ ၄၆ ဒသမ ၉ သန်းပိုမိုရရှိ ခဲ့သည်။
၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာလတွင် သ ဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃ဝဝကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်အရသိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊မတ်လတွင် ဒေါ်လာ ၂၅ရဒသမ ၇ သန်း၊ဧပြီလတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ဇူလိုင်လတွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊သြဂုတ်လတွင် ဒေါ်လာ ၂၈၄ ဒသမ ၀ သန်း၊စက်တင်ဘာလတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊အောက်တိုဘာလတွင် ဒေါ်လာ ၂၈၀ ဒသမ ၃ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်း ဖြင့် စုစုပေါင်းဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလို ဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင် အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ် ၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစု ပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း သိရသည်။ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင် နှုန်း၊သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။