စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ် (၉) အထကကျောင်း ဝန်ထမ်းလိုင်းခန်း မီးပုလင်းဖြင့်ပစ်ပေါက်ခံရပြီး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ် (၉) အထကကျောင်း ဝန်ထမ်းလိုင်းခန်း မီးပုလင်းဖြင့်ပစ်ပေါက်ခံရပြီး မီးလောင်မှုဖြစ်ပွား
Published 4 June 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းအား PDF များက မီးပုလင်းဖြင့် ဝင်ရောက်ပစ်ပေါက် မီးရှို့ခဲ့သဖြင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၂ ရက် ည ၁၀ နာရီခန့်တွင် ကလေး မြို့ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသို့ PDF များက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒီဇယ်ဆီများ ထည့်ထားသည့် မီးပုလင်းဖြင့် ဝင်ရောက်ပစ်ပေါက်မီးရှို့ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့မီးပုလင်းပစ်ပေါက်မှုကြောင့်ဆရာ၊ ဆရာမများနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အဆောက်အဦအား ထိမှန်မီးစွဲလောင်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆိုပါ အဆောက်အဦထရံများ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent