တရုတ်နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံ ကျင် စန်းကျော့ဂိတ်ပေါက်မှ သစ်သီးကုန်စည်များ ကို ကိုဗစ်စည်းကမ်းချက်များ၊ ဓာတ်စုဓာတ်ကြွင်းနှင့် ပိုးမွှားကင်းရှင်းမှုစနစ်စစ်ဆေးပြီး သော ကုန်စည်များကို တရုတ်ပြည်တွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ရာ၌ ထပ်မံစစ်ဆေး စရာမလိုတော့ဘဲ တရုတ်နိုင်ငံ ဝမ်တိန်ချိုင့် ဟော်သစ်သီးကွင်း၌ ကားချိန်းပြီး မိမိသွားလို သောမြို့များကို သွား၍ရနိုင်သော ဖြေလျော့မှု ကို တရုတ်နိုင်ငံအစိုးရက ဇွန် ၁ ရက်မှ စတင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံ ကျင်စန်းကျော့ ဂိတ်ဝင်ပေါက်မှ ဝင်ရောက်လာသော သစ်သီး များကို နယ်စပ်အဝင်၌ ကိုဗစ်စည်းကမ်းချက် များ၊ ဓာတ်စုဓာတ်ကြွင်းနှင့် ပိုးမွှားကင်းရှင်းမှု ဆေးစစ်မှုအောင်မြင်သော သစ်သီးကုန်စည် များအား ချန်းဟော့သစ်သီးအရောင်းကွင်း မှ ပြည်တွင်းထွက်ခွာကားများအား ထပ်မံစစ် ဆေးကာ ဆေးစစ်မှုအောင်မြင်မှသာ မိမိသွား လိုသော တရုတ်ပြည်တွင်း မည်သည့်နေရာ သို့မဆို ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ် သည်။
“ပြည်တွင်းထွက်ခွာဆိုတာ ချန်းဟော့ သစ်သီးကွင်းကနေ ရောင်းပြီးတဲ့ကားတွေ တိုက်ရိုက်ထွက်လို့ရပြီပေါ့။ အရင်တုန်းကဆို ဆေးစစ်ပြီးမှထွက်လို့ရတာ” ဟု ဦးစိုင်းခင် မောင်က ပြောကြားသည်။
ယခင်ဖြေလျော့မှုများမပြုလုပ်ခင်က သရက်သီးများ ရက်ပိုကြာမှုကြောင့် ဆုံးရှုံးမှု များကြုံတွေ့ရပြီး ယခုအခါဖြေလျှော့မှုများ ကြောင့် သရက်သီးအရောင်းစျေးကွက်မှာ သွက်လက်လာကြောင်း သိရသည်။
“အရင်တုန်းကဆို ဆေးစစ်ပြီးမှထွက်လို့ ရတယ်လေ။ ရက်ကြာလို့ပါ၊ နှစ်ရက် သုံးရက် တော့ ပိုကြာသွားပြီ။ ဒီလိုရက်ကြာမှုကြောင့် သရက်သီးကုန်စည်တွေ အရည်အသွေးနိမ့် တာတွေ ဖြစ်ခဲ့ရတယ်။ အခုက အများကြီးမြန် သွားပြီလေ။ စျေးကွက်အနေအထားကတော့ လတ်ဆတ်မှုရှိတဲ့ သရက်သီးတွေကတော့ စျေးရပါတယ်” ဟု ဦးစိုင်းခင်မောင်က ပြော ကြားသည်။
တရုတ်နိုင်ငံ ဝမ်တိန် ချန်းဟော့သစ်သီး အရောင်းကွင်း၌ အရည်အသွေးပေါ် မူတည် ၍ ရွှေဟင်္သာ၊ စိန်တစ်လုံးအသီးများမှာ တစ် ခြင်းလျှင် ယွမ် ၈၀ မှ ၁၄၀ ကြား ရနေကြောင်း သိရပြီး ယမန်နှစ်ကာလတူနှိုင်းယှဉ်ပါက ကွာ ဟမှုမရှိကြောင်း သိရသည်။
“မနှစ်ကနဲ့ ဒီနှစ်အနေအထားကတော့ ဘာမှမကွာပါဘူး။ အခက်အခဲကြားထဲကလုပ် ရတာပဲ။ စွန့်စားမှု စိန်ခေါ်မှုအမျိုးမျိုးကတော့ လုပ်ရတာပဲ။ မနှစ်ကထက် စိုက်ပျိုးရေးသွင်း အားစု စရိတ်ပိုတယ်လေ။ ဒီနှစ် က ဒီလိုပါပဲ။ မနှစ်ကလိုပါပဲ။ ကိုဗစ်ကာလမှာကတော့ အ ခက်အခဲကြားထဲက လုပ်ရတာ။ ရာခိုင်နှုန်း ၁၀၀ ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ခက်ခဲတဲ့ကာလပေါ့။ ပြီးတော့ လုပ်ရဲကိုင်ရဲတဲ့ လူတွေကတော့ အကျိုးရှိမှာပဲ။ အဓိကကတော့ သစ်သီးအရည်အသွေးပါပဲ” ဟု ဦးစိုင်းခင်မောင် က ပြောကြားသည်။
ယခုအခါ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးအရောင်းကွင်းသို့ သရက်သီးတင်ထားသော ကုန်တင်ကားများ တစ်ရက်လျှင် ပျမ်းမျှ ၁ဝစီးမှ ၁၅ စီးခန့် ဝင် ရောက်နေပြီး တရုတ်နိုင်ငံ ချန်းဟော့သစ်သီး ကွင်း မှ ပြည်တွင်းထွက်ခွာမှု လျင်မြန်သွက် လက်လာခြင်းကြောင့် မြန်မာသရက်သီးအ ရောင်းစျေးကွက်အခြေအနေမှာ သရက်သီး အရည်အသွေးပေါ်မူတည်၍ အနည်းငယ် သွက်လက်လာကြောင်း သရက်စိုက်တောင် သူများထံမှ သိရသည်။
အဆိုပါဖြေလျော့မှုများ ပြုလုပ်ခဲ့သဖြင့် နယ်စပ် ကျင်စန်းကျော့ ဂိတ်ပေါက်ဝင်ထွက်မှု မှာ အနည်းငယ်မြင့်တက်လာကြောင်း သိရပြီး မြန်မာကုန်တင်ပြီးသော ပို့ကုန်တင်ကား ပျမ်း မျှ အစီး ၂၀ ဝန်းကျင် တရုတ်နိုင်ငံသို့ ထွက်ခွာ နေပြီး တရုတ်နိုင်ငံမှ တင်သွင်းသောကုန်ကား အစီးရေမှာ ၂၀ စီးခန့် ပြန်လည်ဝင်ရောက် နေခြင်းဖြစ်ပြီး ကုန်မဲ့ကားအစီးရေ အပါအဝင် တစ်ရက်ပျမ်းမျှဝင်ထွက်မှုမှာ ကုန်တင်ကား အစီးရေ ၇၀ မှ ၈၀ ကြားရှိကြောင်း သိရသည်။
“တရုတ်ပြည်မှာတော့ သတ်မှတ်တဲ့ပုံစံ အတိုင်းတော့ စစ်ဦးမယ်ထင်တယ်။ မြန်တယ် ဆို အဲဒီလောက်အမြန်ကြီးလည်း မဟုတ်သေး ဘူး။ အခုကုန်တင်ကားဝင်ထွက်မှုက မြန်တယ် ဆိုပေမဲ့ ခုနစ်ရက် ရှစ်ရက် လောက်ကြာနေ သေးတယ်။ ဒါပေမဲ့ နည်းနည်းတော့မြန်သွား တာပေါ့။ ဒါပေမဲ့ သိသိသာသာကြီးတော့မဟုတ်သေးဘူး”ဟု ရွှေလွယ်အင်ကွင်းတာဝန် ခံ ဦးမောင်စိန်က ပြောကြားသည်။
တရုတ်ပြည်တွင်း၌လည်း Lockdown များစွာ ဖြေလျှော့ပေးနေခြင်း၊ မြန်မာကုန်တင် ကားများအား လူမဲ့ပြန်လည်ဝင်ခွင့်ပေးခြင်း နှင့်အတူ ပြန်ထွက်ခွာရန် အဆင်ပြေအောင်စီ စဉ်ပေးခြင်းများပြုလုပ်နေပြီး ကွန်တိန်နာများ ဖြင့် တင်ပို့နေသော ပဲများလည်း ဝင်ထွက်ရ လွယ်ကူနေခြင်းများရှိနေသော်လည်း မြန်မာ ကားများ ပြန်ထွက်လျှင် ကုန်ကျစားရိတ် ယွမ် ၁၅၀၀ နှင့် မြန်မာဘက်၌ မလိုလားအပ်သော အပိုကုန်ကျမှုပေါင်းလျှင် ၂၅ သိန်းခန့် ကုန်ကျ မှုများ ဆက်လက်ရှိနေကြောင်း ကုန်သည်များ က ဆိုသည်။
ယခုကဲ့သို့ တရားဝင်ကုန်ကျမှုနှင့် တရား မဝင်မလိုလားအပ်သော အပိုကုန်ကျမှုများပေါင်းစပ်လိုက်ပါက ကုန်ကားတစ်စီးလျှင် ပျမ်းမျှ ၂၅ သိန်းဝန်းကျင်ရှိကြောင်း၊ အဆိုပါ ကုန်ကျမှုများသည် နောက်ဆုံးတွင် စားသုံးသူ များထံ ကြီးကြီးမားမားသက်ရောက်မှုဖြစ်ပေါ် စေပြီး ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ဖြစ်ပေါ် စေနိုင်ခြင်းကြောင့် သက်ဆိုင်ရာက သေသေ ချာချာစုံစမ်း စစ်ဆေးမှုများ ပြုလုပ်သင့်ပြီး ပို့ကုန်အတွက်သာမကဘဲ သွင်းကုန်အတွက် ပါ အဆင်ပြေအောင် ပြုလုပ်ပေးစေချင် ကြောင်း မူဆယ်မြို့ရှိကုန်သည်တစ်ဦးက ပြောကြားသည်။
ပြည့်စုံ (မူဆယ်)















