မေလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကို တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သောမေလအတွင်းက ယာဉ်မတော် တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မ တော်တဆမှုများကြောင့် ခရီးသွားပြည်သူ လေးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၇ ဦးရှိ ကြောင်း နေပြည်တော်အမြန်လမ်းမကြီးရဲတပ် ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မေလအတွင်း ယာဉ်မတော်တဆမှု ၁၅ ကြိမ်တွင် သေဆုံးသူ အမျိုးသားလေးဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၃၇ ဦးတို့ဖြစ်ပြီး အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်များမှ ပြစ်မှုအရ အမှုဖွင့်အရေးယူထားသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ၁၅ ဦးရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ကိုးကြိမ်သာဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မတော်တဆမှု များကြောင့် သေ ဆုံးသူ အမျိုးသားခုနစ်ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသားခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုေပေါင်း ၁၃ ဦး၊ ဖေဖော်ဝါရီလတွင် ယာဉ် မတော်တဆမှု ၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ၁၂ ဦး၊ မတ်လ တွင် ယာဉ်မတော်တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ ပြီး အဆိုပါယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ အမျိုးသားလေးဦးနှင့် ဒဏ်ရာရရှိ သူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီးလေးဦး၊ စု စုပေါင်း ၁၆ ဦး၊ ဧပြီလတွင် ယာဉ်မတော်တဆ မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မတော် တဆမှုများကြောင့် သေဆုံးသူ အမျိုးသားတစ် ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း သုံးဦးနှင့် ဒဏ် ရာရရှိသူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၂ ဦး၊ မေလတွင် ယာဉ်မတော်တ ဆမှု ၁၅ ကြိမ်ဖြစ်ပွားပြီး အဆိုပါယာဉ်မတော် တဆမှုများကြောင့် သေဆုံးသူ အမျိုးသား လေးဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ပေါင်း ၃၇ ဦး ရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
မှတ်တမ်းများအရ ၂၀၂၂ ခုနှစ် ငါးလ တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၂ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူစုစုပေါင်း အမျိုး သား၂၆ ဦး၊ အမျိုးသမီးလေးဦး၊ စုစုပေါင်း ၃၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၁၁၀ ဦး ရှိခဲ့ ပြီး လအလိုက်ဖြစ်ပွားနှုန်းနှိုင်းယှဉ်ချက်များ အရ ဧပြီလအတွင်း ယာဉ်မတော်တဆမှုများ ကြောင့် သေဆုံးသူတစ်ဦးသာရှိခဲ့ပြီး လူသေ ဆုံးမှုအနည်းဆုံးလဖြစ်ကာ ဖေဖော်ဝါရီလအ တွင်း ယာဉ်မတော်တဆမှုများကြောင့် သေ ဆုံးသူ ၁၂ ဦးအထိရှိခဲ့ရာ လူသေဆုံးမှုအများ ဆုံးလ ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့အတူ လ အလိုက် ဒဏ်ရာရရှိသူ နှိုင်းယှဉ်ချက် များအရ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သော ဖေဖော်ဝါ ရီလတွင် ဒဏ်ရာရရှိသူ ၁၂ ဦးသာရှိသဖြင့် ဒဏ်ရာရရှိမှုအနည်းဆုံးလဖြစ်ခဲ့ပြီး မေလအ တွင်း ဒဏ်ရာရရှိသူ ၃၇ ဦးရှိခဲ့ရာ မေလမှာ ဒဏ်ရာရရှိသူ အများဆုံးလဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း အမြန်လမ်းမကြီး ပေါ်၌ ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သူ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၆၇ ဦးရှိခဲ့ ကြောင်းလည်း သိရသည်။















