HAGL မြန်မာစင်တာနဲ့ အနာဂတ် အတွက် သတင်းစကား

HAGL မြန်မာစင်တာနဲ့ အနာဂတ် အတွက် သတင်းစကား
Published 3 June 2022

 မြန်မာစင်တာရဲ့ အလားအလာများ

ရင်ခုန်စိတ်လှုပ်စားဖွယ် အောင်မြင်မှုတွေ လှမ်းလာပါ့မယ့် မြန်မာစင်တာ စီမံကိန်း

 Hoang Anh Gia Lai (HAGL) Myanmar လို့ ဆိုလိုက်တာနဲ့ လူတိုင်းက သိနေပြီးသားဖြစ်တဲ့ မြန်မာပလာဇာနဲ့အတူ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတစ်ခုကို မြင်ယောင်မိကြပါလိမ့်မယ်။ နိုင်ငံတကာ အဆင့်မီ အဆောက်အအုံတွေနဲ့ မြန်မာစင်တာစီမံကိန်းဟာ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်ဆိုတာ သင်သိပါသလား။ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား တိုက်ရိုက်ရင််းနှီးမြှုပ်နှံမှုဖြစ်တဲ့ မြန်မာစင်တာ စီမံကိန်းဟာ ရန်ကုန်မြို့မှာ ၂၀၁၃ ခုနှစ်က စတင် အကောင်အထည် ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းကြီးဟာ မြန်မာပြည်သူတွေ အနေနဲ့ အရည်အသွေးမြင့် စျေးဝယ်ယူခြင်း အတွေ့အကြုံ၊ နိုင်ငံတကာ အဆင့်မီ စျေးဝယ်စင်တာတွေရဲ့ အရသာတွေကို ပုံဖော်ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆင့်မြင့် စျေးဝယ်စင်တာ မြန်မာပလာဇာ ကိုလည်း ထည့်သွင်း တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

လက်လီဆိုင်ခန်းပေါင်း ၂၀၀ ကျော်အပြင် Grade A အဆင့်မီ ရုံးခန်းများ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုလ်တယ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မြန်မာပလာဇာ ဟာ အများပြည်သူကြား ရေပန်းစားခဲ့ပြီး ဖြစ်သလို ၂၀၁၆ ခုနှစ်မှာ Property Guru က ချီးမြှင့်တဲ့ လက်လီအရောင်းဆိုင်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကောင်းဆုံးဆု (Best Retail Development ဆုကိုရရှိခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရ အင်းယားကန်တစ်ဖက်ခြမ်း မြို့တွင်းမြို့ပြင် သွားရေးလာရေး လွယ်ကူနေတဲ့ ဗဟိုချက်နေရာမှာ တည်ရှိနေတာဟာလည်း မြန်မာပလာဇာရဲ့ အားသာချက်တွေထဲက တစ်ခု အဖြစ် အာလုံးက လက်ခံထားကြပါတယ်။ ဒါ့အပြင် စျေးဝယ်သူ မိဘပြည်သူတွေကို ရာသီအလိုက် ပွဲလမ်းသဘင်တွေ ဝန်ဆောင်မှုအစီအစဉ် မျိုးစုံနဲ့ အရောင်းမြှင့်တင်ရေးပွဲတွေ ကျင်းပပြုလုပ်ဖို့ အဆောက်အုံရဲ့ အပြင်ဘက်မှာ ရေပန်းဥယျာဉ်ဧရိယာကို ဖန်တီးပေးထားသလို ပလာဇာအတွင်းဘက်မှာလည်း ကျယ်ပြန့်တဲ့ Promotion Area တွေနဲ့ နိုင်ငံတကာ အဆင့်မီ စျေးဝယ်စင်တာကြီးတစ်ခုအဖြစ် အများပြည်သူရဲ့ စွဲမက်နှစ်သက်မှုကို ရရှိစေပါတယ်။ နိုင်ငံတကာအဆင့်မီ စျေးဝယ်စင်တာတို့ရဲ့ ဝန်ဆောင်မှုတွေအတိုင်း စူပါမတ်ကတ်၊ ကမ္ဘာကျော်အမှတ်တံဆိပ် အရောင်းဆိုင်တွေ၊ ဇိမ်ခံပစ္စည်းအရောင်းဆိုင်တွေ၊ ဖက်ရှင်နှင့် လူသုံးကုန်ပစ္စည်းဆိုင်တွေအပါအဝင် မြောက်များစွာသောအများပြည်သူတွေရဲ့ မော်တော်ယာဉ်အသီးသီးကို လည်း အခက်အခဲ အကျပ်အတည်းမရှိ ကားပါကင်တွင် လုံခြုံ စိတ်ချစွာ ရပ်နားနိုင်ရန် ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ မြန်မာရိုးရာလက်မှုပစ္စည်းတွေ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲတွေကို ခင်းကျင်း ပြသလေ့ ရှိသလို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြည်တွင်း ပြည်ပ ပွဲတော်တွေကိုလည်း ကျင်းပပေးနေတာကြောင့် လူမျိုး ဘာသာ ပေါင်းစုံ အတူတကွ နေထိုင်နေကြတဲ့ ရန်ကုန်မြို့ကြီး အတွက် လိုက်ဖက် တင့်တယ်စေတဲ့ စျေးဝယ်စင်တာ တစ်ခုပဲ ဖြစ်နေပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း

 နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အောင်မြင်နေတဲ့ မြန်မာစင်တာ စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာပလာဇာအနေနဲ့ စျေးကွက်စတင် ဝင်ရောက်ချိန်ကစပြီး ပြည်တွင်း အလုပ်အကိုင်ပေါင်းများစွာကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖန်တီး ပေးနေတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ စင်တာ တည်ဆောက်ရေးကာလ ဆောက်လုပ်ရေးလုပ်ငန်းတွေ အစပြုပြီး ပြီးဆုံးချိန်ထိမှာ နာမည်ကျော် ကုန်အမှတ်တံဆိပ် ဆိုင်ခန်းတွေ စားသောက်ဆိုင်တွေ ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းတွေက တစ်ဆင့် ထောင်သောင်းချီတဲ့ ပြည်တွင်း အလုပ်အကိုင်များစွာကို ဖော်ဆောင်ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အနာဂတ်မှာလည်း နိုင်ငံအတွက် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ထပ်မံဖန်တီးပေးဖို့လည်း ရှိနေပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ HAGL နဲ့ ဗီယက်နမ် အခြေစိုက် THACO Group တို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ဒါဟာလည်းအနာဂတ်အတွက်အလားအလာကောင်းတစ်ရပ်ကို အစပြုလိုက်တယ်ဆိုရင် မမှားပါဘူး။ ဒီသဘောတူညီချက်ကနေ မြန်မာစင်တာစီမံကိန်းရဲ့ လုပ်ငန်းပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းကို THACO Group ရဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ငန်းခွဲဖြစ်တဲ့ THADICO က လွှဲပြောင်းရယူခဲ့ပြီး စီမံကိန်း အလုံးစုံကို ဆက်လက်ချဲ့ထွင်သွားတော့မှာ ဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့အတူ ခေတ်မီမြို့ပြ လူနေမှုစနစ်တစ်ရပ်ရဲ့ အခန်းကဏ္ဍ ပီပြင်စွာ ပုံဖော် ပြသနိုင်တော့မှာ ဖြစ်ပါတယ်။

​​​​​​​

​​​​​​​

ကပ်ရောဂါကို တွန်းလှန်ကာကွယ်ခြင်း

 အားလုံးသိပြီးတဲ့အတိုင်း COVID-19 ရောဂါဟာ လူသားအားလုံးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် တိုက်ခတ်ထိုးနှက်ခဲ့ပါတယ်။ မြန်မာပလာဇာဟာ ကိုဗစ်-၁၉ကပ်ရောဂါ မြန်မာပြည်ကို စတင် ဝင်ရောက်လာခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး လက်ရှိ အချိန်ထိ အများပြည်သူနဲ့အတူ ကျန်းမာရေး ဆိုင်ရာ စည်းကမ်း နည်းလမ်း တွေနဲ့ တွန်းလှန် ကျော်ဖြတ်ခဲ့ကြပါတယ်။ စျေးဝယ်သူတွေ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းတွေ ဘေးအန္တရယ် ကင်းရှင်းရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေ ကိုယ်အပူချိန်တိုင်းတာ၊ လက်သန့်ဆေးရည် နေရာအနှံ့ထားရှိတာ၊ ပိုးသတ်ခြင်းနဲ့ ရောဂါပိုး ထိတွေ့မှု ရာဇဝင်လိုက်ခြင်း စတဲ့ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေကို လျင်လျင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာကလည်း ကပ်ရောဂါ ကာကွယ်တားဆီးရေး ကာလမှာ အောင်မြင်မှုတစ်ရပ်ကို ရရှိစေခဲ့တာဆို မမှားပါဘူး။ ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းတွေကို တစ်ဖက်တစ်လမ်းက အထောက်အပ့ံကောင်းတွေ ပေးနိုင်ဖို့ ကောင်းမွန်တဲ့ ရည်ရွယ်မှုနဲ့အတူ ပြည်တွင်း တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းတွေကို စင်တာအတွင်း လူစည်ကားရာနေရာတွေမှာ ယာယီဆိုင်ခန်းတွေ ဖွင့်လှစ်စီမံ ပေးခဲ့တာဟာ သူတို့ရဲ့ အခက်အခဲ အကျပ်အတည်းတွေ ပြေလည်စေပြီး စီးပွားရေး အလျင်အမြန် နလန်ပြန်ထူဖို့ အောင်မြင်မှုတွေ ပြန်ရဖို့ အစီအမံကောင်းတွေပဲ ဖြစ်စေခဲ့ပါတယ်။

​​​​​​​ လူမှုအကျိုးပြု လုပ်ငန်းများ

အောင်မြင်တဲ့ စီးပွားရေး စီမံကိန်း လုပ်ငန်းကြီးတွေရဲ့ အနာဂတ် ရည်မှန်းချက်တွေထဲမှာ ပြည်သူလူထုအတွက် လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုတွေဟာလည်း မရှိမဖြစ် အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မြန်မာပလာဇာ လုပ်ငန်းစတင် ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က စတင်ပြီး ဒေသခံ ပြည်သူလူထုအတွက် လူမှုအကျိုးပြု (CSR) လုပ်ငန်းတွေကတစ်ဆင့် ကူညီထောက်ပံ့မှု အများအပြား ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာသေးမီ နှစ်များက မွန်ပြည်နယ် ပဲခူးတိုင်းအတွင်း ကျရောက်ခဲ့တဲ့ ရေဘေးသင့် ဒေသခံ အိမ်ထောင်စုတွေအတွက်လူမှုကယ်ဆယ်ရေးလှူဒါန်းဆောင်ရွက်မှုများပြုလုပ်ခဲ့သလိုလူမှုအသင်းအဖွဲ့တွေ ကိုလည်းလှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်မှာရှိတဲ့ နွမ်းပါးချို့တဲ့ အိမ်ထောင်စုတွေကို စာနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့သလို အဲဒီဒေသက ကလေးငယ်တွေ၊ ရာသီသုံးပါးမရွေး ပညာသင်ကြားနိုင်ဖို့ ဇဗ္ဗူဒီပ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြုပြင်ရေးအတွက် အလှူငွေများကိုလည်း မတည် လှူဒါန်းပေးခဲ့ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီးသလို မြန်မာစင်တာ စီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ တိုးတက် ပြောင်းလဲနေတဲ့ လူနေမှုအဆင့်အတန်းနဲ့အညီ ဟန်ချက်ညီစွာ ဖြည့်ဆည်း ဆောင်ရွက်မှုတွေနဲ့ အနာဂတ် မျှော်မှန်းချက်တွေနဲ့အတူ ရှေ့ဆက်နေပြီ ဖြစ်ပါတယ်။ မြန်မာစင်တာ စီမံကိန်းရဲ့ ဒုတိယအဆင့်ကိုလည်း တိုးချဲ့ဆောင်ရွက်နေပြီး လာမယ့် စီမံကိန်း ဒုတိယ အဆင့်မှာ အဆင့်မြှင့် ရုံးခန်းတွေ၊ ကွန်ဖရန့် စင်တာတွေ ပွဲလမ်းသဘင် ကျင်းပရာ ခန်းမတွေ၊ အဆင့်မြှင့် ကွန်ဒိုနဲ့ လူနေအိမ်ရာတွေ၊ ရုပ်ရှင်ရုံ အပန်းဖြေစရာ နေရာနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ အပြိုင်းအရိုင်းနဲ့ ရန်ကုန်မြို့ကြီးမှာ ထပ်မံ ပေါ်ထွက်လာအုံးမှာ ဖြစ်ပါတယ်။ ဒီလို စီမံကိန်းတိုးချဲ့ မှုနဲ့အတူ အများပြည်သူအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ထပ်မံ ပေါ်ထွက်လာမှာ မလွှဲသလို ရန်ကုန်မြို့နဲ့ ပြည်သူလူထုအတွက် ထူးခြား အဆင့်မီပြီး စိတ်ဝင်စားဖွယ်ရာ စီးပွားရေး ရပ်ဝန်းကြီးတစ်ခု ဖြစ်လာဖို့ မှန်းဆရကြောင်း အများပြည်သူကို  သတင်းစကား ပါးလိုက်ရပါတယ်။

 ■ Sponsored Post

 

Most Read

Most Recent