လာအိုနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်သို့ပြန်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၉၉ ဦးကို တာချီလိတ်မြို့၌ မြန်မာတာဝန်ရှိသူများ လက်ခံ

လာအိုနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်သို့ပြန်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၉၉ ဦးကို တာချီလိတ်မြို့၌ မြန်မာတာဝန်ရှိသူများ လက်ခံ
Published 3 June 2022
သတင်း - ပြည့်စုံ (မူဆယ်)

ဓါတ်ပုံ -  ရှမ်းအရှေ့သတင်းမဏ္ဍိုင်

ရှမ်းပြည်နယ် အရှေ့ပိုင်း  တာချီလိတ်ခရိုင် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု  ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ( ၁၉၉) ဦးကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လာအိုနိုင်ငံမှ ပြန်လည်ပို့ဆောင်ခဲ့ရာ မြန်မာတာဝန်ရှိသူများလက်ခံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လာအိုနိုင်ငံ မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် လာအိုနိုင်ငံ ရွှေတြိဂံဒေသ ၌ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး မိမိဆန္ဒအလျှောက် ပြန်ဝင်လာသူ အမျိုးသား ၁၅၁ ဦး၊အမျိုးသမီး ၄၈ ဦးစုစုပေါင်း ၁၉၉ ဦးကို လာအိုနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ရာ

ယနေ့နံနက် ၁၀  နာရီအချိန် ခန့်က  တာချီလိတ်ခရိုင် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်နှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

အဆိုပါနေရပ်ပြန် ၁၉၉ ဦးအား ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ၌ နေရပ်ပြန်များအားလုံး COVID-19 ပိုးကင်းစင်ကြောင်းသိရပြီး ၎င်းတို့အား စံလင်းဖြိုး Quarantine Centre တွင်  ၇ ရက်ကြာထားရှိကာ ကျန်းမာရေးစစ်ဆေးမှု ၂ ကြိမ် ထပ်မံခံယူ ပြီး၍ ရောဂါကင်းစင်သူများကို မိမိနေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

၎င်းရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိပြီး ခရိုင်/မြို့နယ် ကြက်ခြေနီ အသင်းက အုပ်ချုပ်ရေးနှင့်လူမှုရေး ကူညီစောင့်ရှောက်ပေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

 

 

Most Read

Most Recent