ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဂက် (စ်) အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဂက် (စ်) အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းဒဏ်ရာရရှိ
ဂက် (စ်) အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ဂက် (စ်) အိုးများ ပြန့်ကျဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MFSD)
ဂက် (စ်) အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ဂက် (စ်) အိုးများ ပြန့်ကျဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MFSD)
Published 30 May 2022
ဘိုဘိုမြင့်

ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် မေ ၂၈ ရက် နံ နက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဂက် (စ်) အိုးများ တင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းသန်းဇော်ထွေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရန်နိုင်ဟန် လိုက်ပါလာသည့် MDY 4G/---- ၂၂ ဘီး ယာဉ်မှာ မြဝတီမြို့မှ မန္တလေးသို့ ပို့ဆောင်မည့် ဂက် (စ်) အိုး ၃၇ Kg ၃၇၀ လုံးတင်ဆောင် မောင်းနှင်လာစဉ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၉၄/၈) နှင့် (၉၄/၇) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ကာဂက်(စ်) အိုးများမှ ဂက်(စ်) များ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ်တစ်စီး၊ မုပ္ပလင်ကျေးရွာ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများက သွားရောက်ကာ မီးလောင်မှုမဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“မေ ၂၈ ရက် မနက်က ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်း မရမ်းချောင် စစ်ဆေးရေးဂိတ်နဲ့ မုပ္ပလင်ကျေးရွာကြားမှာ ဂက်(စ်) အိုးတွေတင်လာတဲ့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်တဲ့အရှိန်နဲ့ တချို့ဂက်(စ်) အိုးတွေက ယိုစိမ့်မှုတွေဖြစ်ခဲ့တယ်။ အဲ့ဒါကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းကလူတွေနဲ့ အဲ့ဒီအနီးအနားမှာရှိနေကြတဲ့သူတွေက ဝိုင်းဝန်းပြီး တော့ ဂက်(စ်) အိုးတွေ ရွှေ့ပြောင်းတာ၊ ရေဖျန်းတာတွေ လုပ်ဆောင်ပေးခဲ့တယ်။ ယာဉ်နောက်လိုက်ကတော့ ဘာမှမဖြစ်ဘူး။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဂက်(စ်) အိုးများတင်ဆောင်လာသည့် (၂၂) ဘီးယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ သန်းဇော်ထွေးအပေါ် သိမ်ဇရပ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။  

Most Read

Most Recent