အေစီမီလန်မှထွက်ခွာတော့မည်ဟု ကက်ဆီး အတည်ပြုခဲ့ပြီး ဘာစီလိုနာနှင့် အပြောင်းအရွှေ့ကိစ္စရပ်များ စတင်လုပ်ဆောင်ဖွယ်ရှိ

အေစီမီလန်မှထွက်ခွာတော့မည်ဟု ကက်ဆီး အတည်ပြုခဲ့ပြီး ဘာစီလိုနာနှင့် အပြောင်းအရွှေ့ကိစ္စရပ်များ စတင်လုပ်ဆောင်ဖွယ်ရှိ
Photo: AC Milan Twitter
Photo: AC Milan Twitter
Published 26 May 2022

အေစီမီလန်အသင်း၏ အိုင်ဗရီကို့စ်လက်ရွေးစင်ကွင်းလယ်လူ ဖရန့်ကက်ဆီး (၂၅ နှစ်)သည် ယခုနွေရာသီတွင် အေစီမီလန်အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုပြောကြားခဲ့ပြီး ဘာစီလိုနာအသင်းနှင့် အပြောင်းအရွှေ့ကိစ္စရပ်များစတင်လုပ်ဆောင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အေစီမီလန်အသင်း၏ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ကက်ဆီးသည် ယခုနွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည်ဖြစ်သည်။

ကက်ဆီးသည် အေစီမီလန်အသင်းတွင် ၂၀၁၇-၁၈ ရာသီမှ စတင်ကစားခဲ့သူဖြစ်ပြီး (၅)ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၂၄)ပွဲကစားရာတွင် (၃၉)ဂိုးသွင်းယူပေးခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ကက်ဆီးသည် အေစီမီလန်အသင်း၏ ၂၀၂၁-၂၂  ရာသီ တစ်ကျော့ပြန် စကူဒက်တိုချန်ပီယံအောင်ပွဲတွင်လည်း အကောင်းဆုံးခြေစွမ်းဖြင့် ကူညီပေးနိုင်ခဲ့သည်။

ကက်ဆီးက ''မီလန်မြို့နဲ့ အေစီမီလန်အသင်းမှာ ရှိနေရတာ ကျွန်တော် အလွန်ပျော်ရွှင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းနောက်ဆုံးလပါ။  (၅)နှစ်အတွင်းမှာ အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရခဲ့သလို၊ စကူဒက်တိုချန်ပီယံဆုကိုလည်းဆွတ်ခူးနိုင်ခဲ့တဲ့အတွက်ကျေနပ်မိပါတယ်။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်'' ဟု Canal+ သို့ပြောကြားခဲ့သည်။

 

Most Read

Most Recent