ပြည်တွင်းငွေပေးချေမှု ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ အသုံးပြု ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ပြည်တွင်း၌ ရောင်းချ/ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်လာစေ ခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာစေခြင်းအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရ အဖွဲ့အစည်းများအနေဖြင့် မိမိလက်အောက်ခံ အဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရ နှင့်ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်းများ အတွင်း ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေး ချေခြင်း၊ စျေးနှုန်းဖော်ပြခြင်းကိစ္စရပ်များ တွင် ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင် ရွက်ရန် မိမိလက်အောက်ခံအဖွဲ့အစည်းများ အား လိုအပ်သလို ထပ်ဆင့်ညွှန်ကြားပေး နိုင်ရန် ရည်ညွှန်းချက်-၁(ဗဟိုဘဏ်၏ ၂၈. ၅.၂၀၁၅ ရက်စွဲပါစာအမှတ်၊မဗဘ-၁/ ၁၁၁ (FEMD) (၉၀၄/၂၀၁၅)၊ ရည်ညွှန်းချက်-၂(ဗဟိုဘဏ်၏ ၆.၁၂.၂၀၁၆ ရက်စွဲပါစာအ မှတ်၊မဗဘ-၁/၁၁၁ (FEMD) (၁၈၄၄/ ၂၀၁၆)၊ ရည်ညွှန်းချက်-၃(ဗဟိုဘဏ်၏ ၇.၈.၂၀၁၈ ရက်စွဲပါစာအမှတ်၊ မဗဘ-၁/ ၁၁၁(FEMD) (၁/ ၂၀၁၈)ပါ စာများ ဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့် ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ နောက် ဆက်တွဲထုတ်ပြန်ခဲ့သော ကင်းလွတ်ခွင့်ပြု သည့် ကိစ္စရပ်များမှအပ ပြည်တွင်း၌ နေထိုင် သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိ သောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရော င်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ် သည်။ သို့ဖြစ်ရာ ပြည်တွင်းတွင် သုံးစွဲ၊ပေး ချေမှုများကို မြန်မာကျပ်ငွေဖြင့်သာ မဖြစ်မ နေသုံးစွဲရမည်ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင် ဟို တယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်း ၌ လာရောက်ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ ပြည်တွင်းတွင် နေရာထိုင်ခင်းငှားရမ်းမှုများ ၊ အမတ်တရပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား နိုင်ငံခြားငွေ(အမေရိကန် ဒေါ်လာ)ဖြင့် ပေးချေဆောင်ရွက်နေသကဲ့ သို့ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး အောက် ရှိ လုပ်ငန်းများ၊အဖွဲ့အစည်းများကလည်း မိမိမိတို့ရရန်ရှိသည့်လုပ်ငန်းဆောင်ရွက်မှု ဝင် ငွေများ(ဥပမာ-မြေငှားရမ်းခြင်း၊ အာမခံ လုပ် ငန်းများအတွက် မတည်ရင်းနှီးငွေများ ထည့် ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းများမှ ရရှိငွေများအ စရှိသည်)အား နိုင်ငံခြားငွေဖြင့် လက်ခံ ဆောင်ရွက်နေသည်ကို တွေ့ရှိ ရသည်။
သို့ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ရည်ညွှန်းချက်ပါစာများဖြင့် ထုတ်ပြန်ခဲ့ သော ပြည်တွင်းတွင် ကျပ်ငွေဖြင့်သာ ပေး ချေဆောင်ရွက်ရန်ကိစ္စနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၃.၄.၂၀၂၂ ရက်တွင် ထုတ်ပြန် ခဲ့သော အမိန့်ကြော်ငြာစာ ၁၂/၂၀၂၂ တို့ အရ ပြည်တွင်းသုံးစွဲ၊ပေးချေမှုများကို မြန် မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီများ အနေဖြင့် မိမိလက်အောက်ခံအဖွဲ့အစည်း များအား လိုအပ်သလို ထပ်ဆင့်ညွှန်ကြား ပေးနိုင်ရန်နှင့် ထိုသို့ညွှန်ကြားပြီးကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြန်ကြားပေး ပါရန် ညှိနှိုင်းမေတ္တာရပ်ခံအပ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။















