ဝက်လက်မြို့နယ် မန္တလေး-ရွှေဘို ကားလမ်းမကြီးပေါ်တွင် လက်လုပ်မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိ

ဝက်လက်မြို့နယ် မန္တလေး-ရွှေဘို ကားလမ်းမကြီးပေါ်တွင် လက်လုပ်မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိ
Published 23 May 2022

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မန္တလေး-ရွှေဘိုကားလမ်းမကြီးပေါ်တွင် မေ ၂၁ ရက် နံနက်ပိုင်းက PDF များက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးကာခရီးသည် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးမြို့မှ ကလေးမြို့သို့ ရွှေဘို-မန္တလေးကားလမ်းအတိုင်း ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေ ဦးနေဇော်လတ် (၃၅)နှစ် မောင်းနှင်သည့် High Class ခရီးသည်တင် မော်တော်ယာဉ်သည် ခရီးသည် ၂၃ ဦး အား တင်ဆောင်ကာ မောင်းနှင်လာစဉ် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာအဝင် ရွှေဘို-မန္တလေး ကားလမ်းမကြီးမိုင်တိုင်အမှတ် ၅၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားအရောက်၌ လမ်း၏ယာဘက်ဘေးမှ  PDF များက လက်လုပ်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ ယာလေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent