နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း တစ်ဒေါ်လာ ကျပ်၂၀၅၀ ဝန်းကျင်ဖြင့် ဝယ်ယူနေ

နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း တစ်ဒေါ်လာ ကျပ်၂၀၅၀ ဝန်းကျင်ဖြင့် ဝယ်ယူနေ
​​​​​​​ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
​​​​​​​ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 23 May 2022

၂၀၂၂ခုနှစ်၊ မေ ၂၃ရက်တွင် ငွေလဲ  ကောင်တာများတွင်  ဗဟိုဘဏ်စျေးနှုန်း သတ်မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၅၅ ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများ ထံမှ သိရသည်။   

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၅ရဝန်းကျင်ဖြင့် စျေးစတင် ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ်လာ ရောင်းချပေးခြင်းမရှိဘဲ တစ်ဒေါ်လာ ကျပ် ၂၀၅၀ ဝန်းကျင်းဖြင့် ဝယ်ယူ ခြင်းသာရှိကြောင်း ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက် ရောင်းချသူများထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ ခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိ ရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့ သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊မတ်လတွင် ရောင်းချမှုမရှိ ခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊မေလ တွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ၁၂ သန်း၊ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ  ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင်ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈သန်းဖြင့် စုစုပေါင်းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်း ချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ် လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည် ရောင်းချခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ်မေ ၂၃  ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၅ဝကျပ်၊ စင်ကာ ပူဒေါ်လာ ၁၅၁၅ကျပ်၊ မလေးရှားရင်းဂစ် ၄၆၅ ကျပ်၊ ထိုင်းဘတ်၆၁ကျပ်၊ တရုတ် ယွမ်၃၂ဝကျပ်၊ ဂျပန်ယန်း ၁ရကျပ် တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံ ခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent