နွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်း ပေါင်သန်း (၁၅၀) အသုံးပြုဖွယ်ရှိ

နွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်း ပေါင်သန်း (၁၅၀) အသုံးပြုဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလေးသာနေသည့် စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း (၁၅၀) အသုံးပြုသွားဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

စပါးအသင်းသည် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲတွင် နောဝစ်ချ် အသင်းကို သရေကစားရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သည်။ 

ထို့ကြောင့် စပါးအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြ ကွန်တီကို ပြောင်းရွှေ့ ကြေး ပေါင်သန်း (၁၅၀) ချပေးသွားရန် စီစဉ်နေပြီး ထိပ်တန်းကစားသမားများ ခေါ်ယူပေးရန် အသင့်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent