ဘရိုက်တန်အသင်းနောက်ခံလူ ကူကူရယ်လာကို ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်

ဘရိုက်တန်အသင်းနောက်ခံလူ ကူကူရယ်လာကို ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

မန်စီးတီးအသင်းသည် ဘရိုက်တန်အသင်း၏ဘယ်နောက်ခံလူ ကူကူရယ်လာကို ပေါင် သန်း (၃၀) ဖြင့် ခေါ်ယူရန်စီ စဉ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် အောင်မြင်မှုရရန် ဆာလောင်သည့်ကစားသမားကို ခေါ်ယူလိုကြောင်း ဆိုထားပြီး ယခုအခါ ကူကူရယ်လာကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

ကူကူရယ်လာ (၂၃ နှစ်)သည် ပြီးခဲ့သည့်နွေကမှ ဂီတာဖေးအသင်းမှ ဘရိုက်တန်အသင်း သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၃၄) ပွဲတွင် (၁)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးထားပြီး ခြေစွမ်းပြကစားနေသူဖြစ်သည်။