ရီးယဲလ်မက်ဒရစ် - ဘက်တစ် (မြန်မာစံတော်ချိန် မေလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဘက်တစ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်လက်ကျန်တစ်နေရာစာ မျှော်လင့်ခွင့်ရှိနေသေးတယ်။ လက်ရှိအဆင့် (၄)က ဆီဗီလာနဲ့ (၃)မှတ်ပဲကွာနေလို့ ခုနောက်ဆုံးပွဲစဉ်မှာ ဆီဗီလာရှုံးပြီး ဘက်တစ်က ရီးယဲလ်ကိုအနိုင်ကစားခဲ့ရင်ဆိုတဲ့ အခြေအနေက ဘက်တစ်အတွက် တွန်းအားဖြစ်စေမှာပါ။ ဒါကြောင့် ရီးယဲလ်နဲ့ပွဲမှာ ဘက်တစ်တို့ အနိုင်ရရေး နောက်ဆုံးအားထုတ်မှု လုပ်လာနိုင်တယ်။ ရီးယဲလ်ကတော့ အမှတ်မလိုတော့တဲ့ အသင်းပီပီ ဖိအားကင်းကင်းနဲ့ အားမွေးပြီး ကစားနေတဲ့အချိန်ဆိုတော့ ဘက်တစ်အတွက် မျှော်လင့်ချက်ထားလို့ရနေတာလည်း အမှန်ပဲ။ ဒါပေမဲ့ ဒီပွဲကရီးယဲလ်အတွက် ရာသီပိတ်အိမ်ကွင်း နောက်ဆုံး နှုတ်ဆက်ပွဲဆိုတော့ အနိုင်ရလဒ်နဲ့ ပရိသတ်ကိုနှုတ်ဆက်ချင်တာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီပွဲက သရေနဲ့အဆုံးသတ်သွားဖို့ ရာခိုင်နှုန်းများပြီး ဂိုးလည်းနည်းပါလိမ့်မယ်။
ဗယ်လက်ကာနို - လီဗန်တေး (မြန်မာစံတော်ချိန် မေလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဒီပွဲကတော့ အမှတ်မလိုတော့တဲ့နှစ်သင်းရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲမျိုးဖြစ်နေတယ်။ တန်းဆင်းသွားပြီးနောက် လွတ်လွတ် လပ်လပ်ပိုကစားလာတဲ့ လီဗန်တေးရဲ့ကစားအားနဲ့ သမ္ဘာအရတော့ အိမ်ရှင်ဗယ်လက်ကာနိုကစားရခက်မယ့်ပွဲမျိုးပါပဲ။ လီဗန် တေးနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။















