ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုရန် နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုရန် နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 19 May 2022

ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ပြဿနာဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မေ ၁၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နစကဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားချိန်တွင် AA အဖွဲ့အနေဖြင့် NUG အဖွဲ့၊ ဘင်္ဂါလီအဖွဲ့များ  နှင့်တွေ့ဆုံခဲ့မှုများအပေါ် တစ်စုံတစ်ရာတုံ့ ပြန်ရန် ရှိ မရှိ မေးမြန်းမှုအပေါ် အထက်ပါကဲ့ သို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်မှာကျွန်တော်တို့ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့လုပ်နေ တာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတာ တွေနဲ့ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကိုအဆိုးမဆိုပါနဲ့လို့ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့နှင့်ပတ်သက်၍  ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပတ်သက်၍ ကူညီပေးနေသော ဂျပန်နိုင်ငံ မှ အကျိုးဆောင် ဆာဆာကာဝါ၏ စေ့စပ်ညှိနှိုင်းမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့ကြောင်း၊ ယခင်က လက်နက်ကိုင်ပဋိပက္ခတွေ များခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည် ငြိမ်းချမ်း လာတာ တွေ့ရကြောင်း၊ သို့ရာတွင်နောက်ပိုင်းတွင် AA အဖွဲ့အနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်နှောင့်ယှက်လာသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

“အဲဒီနောက်ပိုင်းမှာ AA အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တွေ ဝင်ရောက်လုပ်ဆောင်တာမျိုးတွေ၊ ဝင်ရောက်နှောင့်ယှက်တာမျိုးတွေ၊ ကျွန်တော် တို့တွေ့ရပါတယ်။ တော်တော်တော့ သည်း ညီးခံရပါတယ်။ တရားစီရင်ရေးစနစ်တွေက အစ သူတို့ဆီမှာလာ ပြီးမှ တရားစီရင်ရမယ်ဆိုတာမျိုးတွေတွေ့ရ ပါတယ်။ နောက်တစ်ခုက AA အနေနဲ့ကျွန် တော်တို့ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ပေါ့။ အဲဒီနေရာမှာ ယခင်ကလည်းလုပ်ပါ တယ်။ ဒီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလောက်ကနေ စပြီး နည်းနည်းပိုပြီးစိတ်လာတယ်။ စိတ်လာတယ်ဆိုတာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လံစည်း ရုံးတာပေါ့။ လိုက်လံစည်းရုံးတာ။ ကျွန်တော်တို့ရဲ့သိရတဲ့တရားဝင် မှတ် တမ်းအရဆိုရင် အနည်းဆုံး ၁၀ ကြိမ်နီးပါး လောက်ရှိပြီ။ သူတို့ဘာတွေ စည်းရုံးခဲ့တယ် ဆိုတာလည်း ကျွန် တော်တို့သိပါတယ်။ ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုတာက အကဲဆတ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ အဲဒီ ဘက်မှာဘာတွေဖြစ်ခဲ့တယ် ဆိုတာသိပြီးဖြစ် ပါတယ်။ ဘယ်လိုတွေဖြစ်ခဲ့ တယ်။ အခုချိန်ထိ ဘာတွေဖြစ်နေတယ်ဆိုတာလည်း အားလုံး သိပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောကြားသည်။

ထို့ပြင် AA အနေဖြင့် နောက်ပိုင်း ပြောသည့်စကားများတွင် တိုက်ပွဲခေါ်နေသည့် ပုံစံ၊  လက်နက်ကိုင်ပဋိပက္ခကိုခေါ်နေသည့် ပုံစံမျိုးတွေ့လာရပြီး တပ်မတော်၏ တိုင်းစစ်ဌာနချုပ်အဆင့်အား ခြိမ်းခြောက်လာသည်ကိုတွေ့လာရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် ကောင်စီထဲတွင် ပါဝင်နေသူအများစုသည် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင် ခဲ့ဖူး သူများဖြစ်သဖြင့် ရခိုင်ပြည်နယ်အခြေ အနေ၊ ဖွံ့ဖြိုးမှုနောက်မှုများကိုလည်းသိရှိသဖြင့် ရ ခိုင်ပြည်နယ်နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှု  ကိစ္စများတွင် တပ်မတော်ကမည်မျှပါဝင်ပေး သည်ကိုသိရှိကြကြောင်း၊ ဘူးသီးတောင်၊ မောင်တောတွင် ဖြစ်ခဲ့သည့်ကိစ္စများတွင်  တပ်မတော်က မည်သို့လုပ်ဆောင်ပေးခဲ့သည်  ဆိုသည့် မှတ်တမ်းမှတ်ရာ များလည်းရှိပြီး ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့အတူ ပုဂ္ဂလိကပိုင်းဆိုင်ရာကိစ္စရပ် တစ်ခုအဖြစ် AA အဖွဲ့ခေါင်းဆောင်၏ ဇနီး နှင့် ကလေးသည် ဆွတ်စ်ဇလန်နိုင်ငံတွင်နေ ထိုင်နေပြီး ၎င်း၏ယောက်ခမတော်စပ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦး စံကျော်လှက သမီးနှင့် မြေးဖြစ်သူရှိသည့် ဆွတ်စ်ဇလန်နိုင်ငံသို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် သွားရောက်ရန် နစကထံ ခွင့်ပြုချက်တောင်းခံရာ နိုင်ငံတော်အကြီးအကဲများ သဘောထားကြီးစွာ ခွင့်ပြုပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Most Read

Most Recent