မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုကိုးမှု အတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုကိုးမှု အတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်
Published 16 May 2022

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက် တာအေးဇံအား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုကိုး မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဒေါက်တာအေးဇံသည် ရာထူးနှင့် လုပ် ပိုင်ခွင့်ကိုအကြောင်းပြု၍စီးပွားရေးလုပ် ငန်း ရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုမ ျား အပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့စစ်ဆေးရာတွင်စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာ အေးဇံသည် နိုင်ငံ ရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ၂၀၁၈ ခုနှစ်မှစတင်၍ သံလွင်မြစ်အတွင်း သဲများ စုပ်ယူထုတ်လုပ်ခဲ့ ရာတွင်လုပ်ငန်းရှင်များထံမှ စုစုပေါင်းငွေ ကျပ်သိန်း ၅၆၉၀ ကျော်ကို လက်ခံရယူ ခဲ့ခြင်း၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံ တော် ဘဏ္ဍာရန်ပုံငွေစာရင်းသို့ အမှန်တ ကယ်ပေးသွင်းရမည့် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန်ခွင့် ပြုခဲ့ခြင်းကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင်နိုင်ငံတော်မှ ရရှိမည့်ဘဏ္ဍာ ငွေကျပ်သိန်း ၁၃၂၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေများမှ ငွေကျပ် သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ခေတ္တ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ်သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း တို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ခြင်း အပါအဝင် အဂတိ လိုက်စားမှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ မွန်ပြည်နယ် တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်၌  တရားစွဲဆို တင်ပို့ ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှုကိုးမှုဖြင့် လက်ခံစစ် ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိ ရသည်။

ထို့နောက် မွန်ပြည်နယ်တရားလွှတ် တော်က မေ ၁၆ ရက်စွဲတွင် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု ကိုးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။