နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်ခမ်းအား ဖမ်းဆီးထိန်းသိမ်း ထားခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို မေ ၉ ရက်က ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခဲ့ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို " သတင်းက မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း မရှိပါဘူး။ ထိုင်းကို ရောက်နေတယ်သူက၊ ဘန်ကောက်မှာ" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက The Daily Eleven သတင်းစာသို့ ဖြေကြားသည်။
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ သမီး နန်းလိုင်ခမ်းအား ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်စဉ် မေ ၉ ရက် နံနက်က ရန်ကုန်လေဆိပ်၌ ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။















