အာဆင်နယ်နည်းပြ အာတီတာက အသင်းတိုက်စစ်မှူး လာကာဇက်အား လက်ရှိအလုပ်ကိုသာ အာရုံစိုက်ထားရန် တိုက်တွန်းပြောကြားခဲ့သည်။
ယခုရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပြင်သစ်တိုက်စစ်မှူး လာကာဇက် (၃၀ နှစ်)က မိမိအနေဖြင့် အသင်းပြောင်းရွှေ့ရန် ကလပ်အသင်းများစွာနှင့်ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် အာတီတာက ''စာချုပ်သက်တမ်းအနေအထားကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အာဆင်နယ်အတွက်ပဲ သူ့ကို အာရုံစိုက်ထားစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။















