ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လက်မှတ်များကို ဧပြီလ (၂၀)ရက်မှ စတင်ကာ ရောင်းချနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ယခု ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ (၂၈) ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ပရိသတ် (၇၅၀၀၀) ဆံ့ Stade de France ကွင်းတွင် ကျင်းပမည်ဖြစ်သည်။
UEFA သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သည့်အသင်းများကို လက်မှတ်ခွဲတမ်း (၂၀၀၀၀) စီ ပေးသွားမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းများမှာ အနည်းဆုံး ယူရို (၇၀) မှ အများဆုံး ယူရို (၆၉၀) အထိ အစားစားရှိကြောင်း သိရသည်။















