အသက် (၁၂) နှစ်အရွယ် စစ်ဘေးရှောင် လူငယ်လေးအတွက် ပျော်ရွှင်ဖွယ်ရာအခိုက်အတန့်ကို ရှက်တာဒိုးနက် ဖန်ဆင်းပေးလိုက်တယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းက အမိမြေ ရုရှားထိုးစစ်ဆင်နွှဲခံနေရတုန်း နိုင်ငံတကာလှည့်ပြီး ငြိမ်းချမ်းရေးဘောလုံးပွဲတော် ဆင်နွှဲနေတာပါ။ ပိုလန်နိုင်ငံ Gdansk မှာ လက်ချီယာအသင်းနဲ့ ခြေစမ်းပွဲကစားတော့ အသက် (၁၂) နှစ်အရွယ် စစ်ဘေးရှောင်လူငယ်လေးအတွက် ရေကြည်ချမ်းမြတစ်ပေါက်ပေးခဲ့ပါတယ်။ ရှက်တာဒိုးနက်နဲ့ လက်ချီယာအသင်းတို့ ငြိမ်းချမ်းရေးခြေစမ်းပွဲဟာ နှစ်ဂိုးစီသရေကျနေပြီးအဲဒီအချိန်မှာ ရှက်တာဒိုးနက်ဘက်ကနေ စစ်ဘေးရှောင်လူငယ်လေး ဒီမီထရိုကီဒါ လူစားဝင်လာတယ်။ သူ့အတွက် ဂိုးသမားမရှိတဲ့ ဂိုးထဲ ကန်ခွင့်ရအောင် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။
စစ်ဘေးရှောင်လူငယ်လေးအတွက် ရေကြည်ချမ်းမြ (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















