ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 19 April 2022

အဲဗာတန် - လက်စတာ (ကြာသပတေးနံနက် ၁း၁၅ နာရီ)

အဲဗာတန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူ အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့တယ်။ အဲဗာတန်အ သင်းရဲ့ လက်ရှိ ခြေစွမ်းကို ကြည့်ရင် အဝေးကွင်းမှာ အားနည်း လေ့ရှိပေမဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ တော်တော်လေးအားကောင်း တာလည်း တွေ့ရတယ်။ လက်စတာကလည်း ရာသီကုန်ခါနီးမှာ ခြေပြန်တက်လာပါတယ်။ ဒါပေမဲ့ အဲဗာတန်အသင်းက တန်း ဆင်းဇုန်အန္တရာယ်အတွက် စိတ်ချရအောင် ရုန်းကန်ဦးမှာဖြစ် လို့ အဲဗာတန်ကို ကြိုက်တယ်။ 

ချယ်လ်ဆီး - အာဆင်နယ် (ကွာသပတေးနံနကျ ၁း၁၅ နာရီ)

ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အ ရေးသိပ်မကြီးတဲ့ အနေအထားပါ။ အဆင့် (၃)နေရာကို ထိန်း နိုင်ဖို့အတွက် အခက်အခဲ သိပ်မရှိလောက်တော့ဘူး။ ဒီပွဲကို သာ နိုင်ရင်တော့ သေချာသလောက်ဖြစ်သွားမယ်။ အာဆင် နယ်အတွက်ကတော့ လုံးဝအမှားမခံတဲ့ အခြေအနေမျိုးနဲ့ ရာ သီကုန်အထိ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲလည်း တစ်ပွဲအပါ အဝင်ဖြစ်တယ်။ ဘရန်ဖို့ဒ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်တို့ကို အိမ်ကွင်းတွေမှာမထင်မှတ်ဘဲ ဂိုးပြတ်ရှုံးပွဲတွေတွေ့ခဲ့ပြီး နောက် ချယ်လ်ဆီးရဲ့ Bounce Back က တော်တော်လေး အားရစရာကောင်းတယ်။ ဆောက်သမ်တန်၊ ရီးယဲလ်မက်ဒရစ် နှစ်ပွဲစလုံးကို အဝေးကွင်းမှာ ပြန်အနိုင်ယူခဲ့ပြီး နှစ်ပွဲပေါင်း (၉) ဂိုး ပြန်သွင်းခဲ့တယ်။ အာဆင်နယ်အသင်းကတော့ ပဲလေ့စ်၊ ဘရိုက်တန်၊ ဆောက်သမ်တန်တို့ကို ဆက်တိုက်ရှုံးပြီး ယုံကြည် ချက်ကျဆင်းနေပါပြီ။ ချယ်လ်ဆီးအနိုင်သေချာတယ်။ 

နယူးကာဆယ် - ခရစ္စတယ်ပဲလေ့စ် (ကွာသပတေးနံနကျ ၁း၁၅ နာရီ)

ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်က အင်အားသိပ် မကွာတဲ့အသင်းတွေဖြစ်ပြီး နှစ်တိုင်းလည်း အကြိတ်အနယ်က စားရလေ့ရှိတဲ့ ပြိုင်ဘက်တွေဖြစ်တယ်။ လက်ရှိခြေစွမ်းအရဆို ရင်တော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ခြေစွမ်းက ပိုမာကျောတည်ငြိမ် ပြီး ရလဒ်တွေလည်း ပိုကောင်းနေပါတယ်။ အဝေးကွင်းပွဲစဉ် တွေမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြနိုင်တာတွေ့ရပြီး ဗီယာရာရဲ့အသင်းမှာ လူငယ်ကြယ်ပွင့်တွေကလည်း အားကိုး ရတယ်။ ပဲလေ့စ်ကိုကြိုက်တယ်။ 

မန်စီးတီး - ဘရိုက်တန် (ကွာသပတေးနံနကျ ၁း၃၀ နာရီ)

ဘရိုက်တန်အသင်းက ရလဒ်တွေ ဆက်တိုက်ဆိုးနေရာ က နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး နောက်ဆုံးနှစ်ပွဲမှာ အာဆင်နယ်နဲ့ စပါးတို့လိုအသင်းတွေကို အနိုင်ကစားသွားခဲ့ တယ်။ ဘရိုက်တန်ရဲ့ ကစားဟန်က ဂွါဒီယိုလာကိုယ်တိုင် ထုတ် ဖော်ချီးကျူးဖူးတဲ့ ကစားဟန်ဖြစ်ပြီး တကယ်အားကောင်းတဲ့ အသင်းမျိုးလည်းဖြစ်တယ်။ ဒါပေမဲ့ မန်စီးတီးက နောက်ပိုင်းပွဲ တွေမှာ ဆက်တိုက်နိုင်ခဲ့သလိုပဲ ဒီပွဲလည်း နိုင်ဦးမှာပဲ။ ဂိုးပြတ်၊ မပြတ်ဘဲ စဉ်းစားရမယ်။

 

Most Read

Most Recent